menu

Saturday, March 23, 2013

C8813D,Y300C Auto Root & Zawgyi keyboard


ဒီပို့စ်လေးက MMSD ရဲ့ ညီငယ် ဖြိုးချမ်းရေးထားတာပါ။ ကျွန်တော်က လိုပါတယ်ပြောတော့ သူကချက်ချင်း ကြိုးစားပေးပါတယ်။ ကျွန်တော့်အတွက်လည်း လိုအပ်ပါတယ်။ လိုအပ်တဲ့ သူငယ်ချင်းတွေလည်း အဆင်ပြေအောင်ပြန်လည်ဝေမျှလိုက်ပါတယ်။ ကိုဖြိုးချမ်းကိုလည်း ကျေးဇူးတင်ပါကြောင်းနှင့် ဒီထက်ပိုမိုများပြားတဲ့ အောင်မြင်မှုတွေရရှိပါစေလို့.......

မူရင်းလင့်က ပို့စ်လေးအတိုင်းဖော်ပြပေးလိုက်ပါတယ်။

Monday, March 18, 2013

Viewsonic VB80a Pro and VB100a Pro(4.1.1) ကို Root လုပ်ခြင်း


ကျွန်တော့်သူငယ်ချင်း တွေအားလုံး လိုချင်နေကြတဲ့ VB80a Pro နဲ့ VB100a Pro (4.1.1) ရဲ့ Root ရပါပြီခင်ဗျာ။ 100%အဆင်ပြေပါတယ်။ ကျွန်တော်ကိုယ်တိုင်စမ်းသပ်ထားပြီးသားပါ။ ကျွန်တော့်ကို လာတောင်းထားတဲ့သူတွေလည်း အဆင်ပြေပြီပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် အားလုံးအဆင်ပြေသွားတော့ ကျွန်တော်လည်း ကျေနပ်ရပါတယ်။လုပ်ပုံလုပ်နည်းကတော့ လွယ်ပါတယ်။
root file လေးကလည်း size သေးသေးလေးမို့ အဆင်ပြေတာပေါ့ဗျာ။

သူငယ်ချင်းတို့ အားလုံး အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ commentမှာ ဖြစ်ဖြစ် cbox မှာဖြစ်ဖြစ်တစ်ခုခုပြောခဲ့ပေးကြပါ။

root file ကိုအောက်မှာဒေါင်းပါခင်ဗျာ။

Friday, March 15, 2013

Onda V812 Core 4(Jelly Bean 4.1.1)ကို Root လုပ်ခြင်း

Onda Tablet အကုန်လုံးနီးပါးက သူစလာတဲ့အချိန်ကစပြီး root access ရပြီးသားတွေပါ။ superuser မပါတာကလွဲရင် root လုပ်ပြီးသားပေါ့။ အခုနောက်ပိုင်း Jelly Bean နဲ့ ၀င်လာတဲ့ Onda V972 နဲ့ V812 တွေကတော့ ကိုယ်တိုင်ပဲ Root လုပ်ရပါတော့မယ်။ အားလုံးအတွက် ရှာရဖွေရ အဆင်ပြေအောင် ကျွန်တော်တင်ပေးလိုက်ပါတယ်။ လုပ်တဲ့ ပုံစံ ကလည်း မခက်ပါဘူး။ လွယ်ပါတယ်။

အောက်မှာ ကြည့်ပါခင်ဗျာ။

Thursday, March 14, 2013

Screenshot apk for android(3 apk)






တောင်းထားတာ ရှိလို့ပါ။ Android တွေသုံးတဲ့အခါ တချို့သိမ်းစရာရှိတာလေးတွေကို screenshot နဲ့ သိမ်းတတ်ကြပါတယ်။ အသုံးလိုတဲ့ သူငယ်ချင်းများ ဒေါင်းသွားပါခင်ဗျာ။ ကျွန်တော် ရှာဖွေပြီး ပြန်လည်ဝေမျှလိုက်ပါတယ်။အားလုံး သုံးခုပါ။

အောက်မှာ ဒေါင်းပါခင်ဗျာ။

လင့်အပျက်များအတွက် တောင်းပန်အပ်ပါသည်ခင်ဗျား

ကျွန်တော့် mediafire အကောင့် အဖျက်ခံလိုက်ရတဲ့အတွက် ပထမကျွန်တော်တင်ထားတဲ့ link တော်တော်များများ ပါသွားပါတယ်။ ကျွန်တော်လည်း အဆင်ပြေနိုင်အောင်ကြိုးစားပြီး ရသလောက်တော့ ပြန်တင်ပေးထားပါတယ်။ အားလုံးလည်းကူညီပြီး ကျွန်တော်လိုအပ်တာမှန်သမျှ ပြောပေးကြပါ။ ဒီရက်ပိုင်း ခရီးထွက်နေရတော့ ကျွန်တော့်ဘလော့ လေးကိုလည်း သိပ်ပြီး မပြုပြင်နိုင်ဘူးဖြစ်နေပါတယ်။ ကျွန်တော်ကြိုးစားပါဦးမယ်။ ကျွန်တော်ဒီဘလော့ ကို တင်ထားတာ ကျွန်တော်ကြုံရသမျှ အခက်အခဲတွေ ပြေလည်သွားတဲ့အချိန် ကျွန်တော့် သူငယ်ချင်းတွေလည်း လွယ်ကူစွာ ရှာဖွေဖြေရှင်းနိုင်အောင်ရည်ရွယ်ပါတယ်။ ကျွန်တော်ဘာမှမရပါဘူး။ သူငယ်ချင်း တို့ပေးထားခဲ့တဲ့ commentလေးတွေရယ် pageviews လေးတွေရယ်ကနောက်ထပ် ပို့စ်တွေကို အသက်ဆက်နိုင်မယ့် အားဆေးလေးတွေပါ။ အခုလို cbox နဲ့ comment တွေမှာ အကြံပေးသွားတဲ့အားလုံးကို ရင်ထဲက တကယ်ပဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။


အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။
ကျွန်တော်ပီတိတစ်ခုပဲရပါတယ်။
မြန်အောင်သားဖြိုးကြီး

နောက်ဆုံးထွက် version နဲ့ Root_with_Restore_by_Bin4ry_v21(ROOT TOOL) လေးပါ။



အသစ်ထွက်တဲ့ Root_with_Restore_by_Bin4ry ရဲ့နောက်ဆုံး version 21လေးပါ။ cbox မှာ လာပြောထားတဲ့ viewsonic tablet ကို root လုပ်လို့မရတဲ့ သူငယ်ချင်းနဲ့ တခြားလိုအပ်တဲ့ သူငယ်ချင်းများ အောက်မှာဒေါင်းပါခင်ဗျာ။သူက ICSနဲ့Jelly Bean ကို root လုပ်နိုင်ပါတယ်။ Sony Xperia Z,ZL တွေကို Root လုပ်နိုင်ပါတယ်။

Wednesday, March 6, 2013

ဖုန်းမလာပါနဲ့ (Black list) for android



Screenshot_2012-12-20-03-44-00

ကျွန်တော် easy filter ကို modify ပြုလုပ်ထားသော ဖုန်းမလာပါနဲ့ (Black list) အမည်ရှိသော Blackl list လေးပါ။ မြန်မာမှု အနေ့နဲ့ ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ easy filter ကိုပြုပြင်ထား သောကြောင့်  easy filer ရှိပါက uninstall လုပ်ပြီးမှသာ install ပြုလုပ်ကြပါ။

Bangan Keyboard



Download link >> Bangan Keyboard

Screen Shot

credit to bit myanmar

Monday, March 4, 2013

Clean Master (Cleaner) 3.0.apk for android

မိမိရဲ့ android device လေးအမြဲတမ်းပေါ့ပါးနေဖို့ မလိုအပ်တာတွေကိုရှင်းပေးမယ့် Clean Master လေးပါ။ သူငယ်ချင်းတို့သဘောကျမယ်ထင်ပါတယ်။ သုံးသင့်တဲ့ဆော့ဖ်ဝဲလေးတစ်ခုဖြစ်လို့ ဆောင်ထားသင့်ပါတယ်။အောက်မှာဒေါင်းနော်။
size က 1.8MB ပဲရှိပါတယ်။

Where's My Perry?v1.4.0(Unlocked).apk for android





puzzler game လေးတစ်ခုဖြစ်တဲ့ Where's My Perry? v1.4.0 လေးကိုသူငယ်ချင်းတို့အတွက် မျှဝေပေးလိုက်ပါတယ်။ဆော့လို့ကောင်းတဲ့ဂိမ်းလေးတစ်ခုပါ။ unlocked apkလေးနော်။ အောက်မှာဒေါင်းပါ။
size ကတော့ 44.9MB ရှိပါတယ်ခင်ဗျာ။




Credit to: androappslib

အားလုံးပဲအဆင်ပြေအောင်ကြိုးစားနိုင်ကြပါစေခင်ဗျာ။
ကျွန်တော်ပီတိတစ်ခုပဲရပါတယ်။
မြန်အောင်သားဖြိုးကြီး

Saturday, March 2, 2013

Sony Xperia J (ST26i) 11.0.A.7.5 ကို Root လုပ်ခြင်း။



အရင်က လာတဲ့ Sony Xperia J တွေရဲ့ build number က 11.0.A.3.28 ပါ။ အဲဒီတုန်းက root with restore v18 နဲ့ root လုပ်ရင်ရပါတယ်။ အခု build number က 11.0.A.7.5 ပါ။ ဒါကြောင့် root with restore v18 နဲ့ root လုပ်ဖို့ အဆင်မပြေတော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ firmware ကို 11.0.A.3.28ဖြစ်အောင်  flash လုပ်ပြီး root လုပ်ကြည့်ရအောင်ဗျာ။

အရင်ဆုံး လိုအပ်တာတွေဒေါင်းပါ။



ကဲဒေါင်းလုပ်ပြီးသွားရင်တော့ စပြီး Root ကြရအောင်ဗျာ။