menu

Wednesday, December 5, 2012

Lenovo A2109 Root လုပ်နည်း

အရင်ဆုံး လိုအပ်တဲ့ File (၄) ခုကို download ဆွဲပါ။မိမိ tablet မှာ ရှိတဲ့ data တွေအားလုံးကို backup လုပ်ထားပေးပါ။


Root လုပ်နည်း။

၁ ။ download ဆွဲထားတဲ့အထဲက LeTools_MultiLang_x86_x64_Full_setup_20320 by myanaungtharr@phyogyi14 ကို extract လုပ်ပြီး ကွန်ပျူတာမှာ install လုပ်ပါ။

၂ ။ 1 by myanaungtharr@phyogyi14.bat နဲ့ A2109_CWMrecovery-6.0.1.4a ကို C: \ Program Files \ Lenovo \ LeTools ထဲကိုကူးထည့်ပါ။

၃ ။ Superuser-3.1.3-arm-signed ကို tablet ရဲ့ micro SD ထဲကိုကူးထည့်ပေးပါ။

၎ ။ tablet ရဲ့ setting>developer options>usb debugging မှာ check box ကို on ပေးပါ။

၅ ။ tablet ကို computer နဲ့ ချိတ်ပါ။ အောက်ကပုံအတိုင်း driver တွေကို သူ့ဟာသူရှာပြီး install လုပ်သွားပါလိမ့်မယ်။ device manager ကို ဖွင့်ကြည့်လိုက်ပါ။ တကယ်လို့ driver ကို မသိဘူးဆိုရင် C: \ Program Files \ Lenovo \ LeDrivers မှာ Update Driver ဆိုပြီး ရှာပေးလိုက်ပါ။


၆ ။ C: \ Program Files \ Lenovo \ LeTools ထဲက 1 by myanaungtharr@phyogyi14.bat ကို double click လုပ်ပြီး ဖွင့်လိုက်ပါ။ keyboard ကနေအောက်ကစာကြောင်းကိုရိုက်ပါ။

adb devices

ပြီးရင် Enter ခေါက်ပါ။ ပုံထဲကအတိုင်းပေါ်လာပါလိမ့်မယ်။

၇ ။ adb reboot bootloader

ဆိုပြီး ရိုက်ပါဦး။ ပြီးရင် Enter ခေါက်ပါ။ ဒါဆိုရင်တော့ tablet က fastboot mode ထဲကို သူ့ဟာသူ ၀င်ရောက်သွားပါပြီ။အောက်ကပုံအတိုင်းပါပဲ။

ကွန်ပျူတာမှာ fastboot device driver ကိုသူ့ဟာသူရှာပါဦးမယ်။ တကယ်လို့ device manager မှာ fastboot ကိုမသိခဲ့ဘူးဆိုရင် C: \ Program Files \ Lenovo \ LeDrivers မှာ Update Driver ဆိုပြီး ရှာပေးလိုက်ပါဦး။ driver သိပြီဆိုရင် အောက်ကပုံအတိုင်းပြပါမယ်။

၈ ။ ကဲ ဒါဆိုရင် ကျွန်တော်တို့ပထမရိုက်ခဲ့တဲ့ 1 by myanaungtharr@phyogyi14.bat ရဲ့command prompt မှာပဲအောက်ကစာကို ထပ်ရိုက်ရအောင်။

fastboot oem unlock

ပြီးရင် enter ခေါက်ပါ။အောက်ကပုံအတိုင်းပေါ်လာရင်တော့ volume (+),(-)ခလုတ်တွေကို သုံးပြီး Unlock it ကိုရွေးပါ။ နောက်ပြီး power button ကိုတစ်ချက်နှိပ်ပါ။ ခနစောင့်ပါ။ tablet မှာ bootloader is unlocked now ဆိုပြီးပေါ်လာပါလိမ့်မယ်။


၉ ။ tablet ကို restart ချပေးရပါမယ်။ command prompt မှာ အောက်က စာကိုရိုက်ပါဦး။

fastboot reboot

ပြီးရင် Enter ခေါက်ပါ။ tablet က restart ကျပြီး ပြန်တက်သွားပါလိမ့်မယ်။
အဆင့်တွေကများပါတယ်။ ဒါပေမယ့် တစ်ဆင့်ချင်းကို မှန်အောင်လုပ်ပေးပါ။

၁၀။ ဒီအဆင့်မှာ အရေးကြီးပါတယ်။ Bootloader ဟာ unlock အလုပ်ခံလိုက်ရတဲ့အတွက် ကျွန်တော်တို့တွေ setting>developer options>usb debugging ရဲ့ check box ကို ပြန်ပြီး on ပေးရမယ်နော်။
ကဲ...CWM သွင်းကြရအောင်။

၁၁။ command prompt ဆိုတာ 1 by myanaungtharr@phyogyi14.bat ကိုဖွင့်လိုက်ရင်ပေါ်လာတဲ့ command prompt ကိုပြောတာနော်။ ခနခန ထည့်ရေးနေရင် ရှည်မှာစိုးလို့။
ဟုတ်ပြီ အဲဒီ command prompt မှာ အောက်ကစာကိုရိုက်ရအောင်။

adb reboot bootloader
 
enter ခေါက်
 
fastboot devices
 
enter ခေါက်
? fastboot ဆိုပြီးပြပါမယ်။
ဟုတ်ပြီ ဆက်ရိုက်ရအောင်(စာလုံးတစ်လုံးမှ မလွဲပါစေနဲ့။သေချာအောင်ရိုက်ပါ။)

fastboot flash recovery A2109_CWMrecovery-6.0.1.4a.img
 
enter ခေါက်ပါ။

အောက်ကပုံအတိုင်း ပေါ်လာပြီဆိုရင်တော့keyboard ကနေအောက်ကစာကိုရိုက်ပါဦး။
 
fastboot reboot
 
enter မခေါက်ခင် volume(+) key ကို ဖိထားပါ။ပြီးမှ enter ခေါက်ပါ။



၁၂။ volume (+)ခလုတ် ကို မလွှတ်ပါနဲ့ဦး။ ဒီလိုလုပ်ရခြင်းက recovery mode ထဲကို တစ်ခါတည်းဝင်မလို့ပါ။ဟုတ်ပြီ။
အောက်က ပုံထဲကအတိုင်း recovery mode ထဲကို ရောက်သွားပြီဆိုရင်တော့
     Install zip from sdcard
    choose zip from sccard ကနေ Superuser-3.1.3-arm-signed by myanaungtharr@phyogyi14 ကိုရွေးပြီး install လုပ်လိုက်ပါ။
ပုံလေးတွေနဲ့ပြပေးထားပါတယ်။





၁၃။ ပြီးရင် reboot system now ကိုနှိပ်ပြီး restart ချလိုက်ပါ။
      ပြန်တက်လာရင်တော့ Superuser ပါတဲ့ lenovo A2109 tablet လေးကိုမြင်တွေ့နိုင်ပါပြီ။

ဟောဒီမှာ....ဒေါင်းလုပ်လင့်တွေနော်။

(1) LeTools_MultiLang_x86_x64_Full_setup_20320 by myanaungtharr@phyogyi14.rar
 size : 59.37 MB


(2)1 by myanaungtharr@phyogyi14.bat
size : 3 B



(3) A2109_CWMrecovery-6.0.1.4a.img
size : 6.18 MB


(4) Superuser-3.1.3-arm-signed by myanaungtharr@phyogyi14.zip
size : 1.26 MB


Credit to : lenovobbs.cnmo.com

  အဆင်ပြေနိုင်ကြပါစေ။
မြန်အောင်သားဖြိုးကြီး

1 comment:

Anonymous said...

ကျွန်တော့ a2109 လေးလဲ android 4.1.1 ကို update လုပ်လိုက်တာ skype, viberနဲ့ browser တွေမှာ
မြန်မာစာဇော်ဂျီဖောင့် မရတော့ပါဘူးဗျာ၊ တော်တော့်ကို
အဆင်မပြေဖြစ်နေလို့ ရှာရင်းနဲ့ ကိုမြန်အောင်သားရဲ့ ဒီ
blog ကိုတွေ့ ပြီး ခုpost ပါအတိုင်း download ဆွဲတာ
၎ ခုစလုံးမရပါဘူး၊ ကူညီပေးစေလိုပါတယ်။