menu

Sunday, February 24, 2013

Jelly Bean 4.2 မှာ USB Debugging နဲ့ Developer Options ကို Enable ဖြစ်အောင်လုပ်နည်း

ကဲ...သူငယ်ချင်းတို့ရေ...ကျွန်တော်တို့ အရင်က သုံးနေကျ gingerbread တွေ ics တွေမှာ usb debugging ကို On ချင်ရင် သိပ်မခက်ဘူးနော်။ Gingerbread မှာဆိုရင် Settings>Applications>Development>USB Debugging ကို on လိုက်ရုံပဲ။ ICS မှာဆိုရင်လည်းပဲ Settings> Developer Options> USB Debugging ကို on ရုံပါပဲ။ ဒါပေမယ့်လည်း Jelly Bean 4.2 မှာတော့ Google ကပညာပြထားတယ်နော်။ USB Debugging ကို hide လုပ်ထားပါတယ်။

ဒီဟာလေး ဖြေရှင်းဖို့တော့အောက်ကအတိုင်းလိုက်လုပ်လိုက်ပါ။ မခက်ပါဘူး။

1. Go to Settings>About phone.
2. အောက်ဆုံးမှာရှိတဲ့ Build number option ကိုသွားပါ။ မနှိပ်ပါနဲ့ဦးနော်။
3. ပြီးမှ အဲဒီ Build number ပေါ်မှာ 7 ကြိမ်လောက်အဆက်မပြတ် နှိပ်ပါ။

ဒါဆိုရင်တော့ "you are now a developer" ဆိုပြီး အောက်က ပုံလေးထဲကအတိုင်းပေါ်လာပါလိမ့်မယ်။

ကဲဒါဆိုရင် hidden ဖြစ်နေတဲ့ USB Debugging နဲ့ Developer Options ကို enable လုပ်လို့ပြီးပါပြီ။သင့်ရဲ့ Jelly Bean မှာလည်း USB Debugging ကို on,off လုပ်လို့ရမယ့် options လေး ပေါ်လာပါပြီခင်ဗျား။


အားလုံးပဲအဆင်ပြေအောင်ကြိုးစားနိုင်ကြပါစေခင်ဗျား။
ကျွန်တော်ပီတိတစ်ခုပဲရပါတယ်။
မြန်အောင်သားဖြိုးကြီး

Saturday, February 23, 2013

Android User များသတိပြုသင့်သော အချက် ၉ ချက်( 9 points for android user)

ကဲ...ဒီနေ့တော့ ကျွန်တော့်သူငယ်ချင်းတွေ အတွက် post လေးတစ်ခုတင်တယ်ဗျာ။ ကျွန်တော့် android သက်တမ်း ကြုံသမျှ ဆောင်ရန်ရှောင်လေးတွေပါ။ စေတနာတစ်ခုတည်းနဲ့ မသိသေးသော android user ကိုကို မမ သူငယ်ချင်းများအတွက်ရည်ရွယ်ပါတယ်။ ကျွန်တော့် အကြံပြုချက်လေးတွေသာ အသုံးတည့်သွားရင် ကျေနပ်ပါတယ်။ သူငယ်ချင်းတို့ရဲ့ ယူဆချက်လေးတွေကိုလည်း comment ပေးခဲ့ကြပါ။

1.    မိမိတို့ ဖုန်းမှာ USB Debugging ကိုအမြဲ ဖွင့်ထားပါ။ Gingerbread(2.3.X) နဲ့ အောက်ပိုင်း version တွေဆိုရင် Setting>application>development ထဲမှာ usb debugging ကို check box - On ထားပြီး ဖွင့်ထားရပါတယ်။ ICS(4.0.x) နဲ့ Jelly Bean(4.1.x) တွေဆိုရင် Setting>Developer options ထဲမှာ usb debugging ကို check box-On ပြီ ဖွင့်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မတော်တဆ ကျွန်တော်တို့ရဲ့ android ဟာ အကြောင်းအမျိုးမျိုးကြောင့် firmware ကျသွားမယ်…ဒါမှမဟုတ် pattern/pin/password lock တစ်ခုခုကျသွားမယ်ဆိုရင်ပြသနာပြန်လည်ဖြေရှင်းတဲ့အခါ ဆိုင်မှာပဲ သွားလုပ်လုပ်၊ ကိုယ့်ဟာကိုယ်ပဲ လုပ်လုပ် အဲဒီ usb debugging ကိုဖွင့်ထားတဲ့ အတွက် ကွန်ပျူတာမှာ detect သိနိုင်ဖို့အကြောင်းတစ်ခုဖြစ်လို့ လွယ်လွယ်ကူကူ ပြသနာကိုဖြေရှင်းနိုင်မှာပါ။

***stay your usb debugging always ON cause you can get detection your android with computer easily when you lost your firmware or security lock.

2.   မိမိဖုန်း ဘက်ထရီ ကို အမြဲတမ်း charging power 30% ထက်မနည်းထားပေးပါ။ ဖုန်းကို charging အကုန်သုံးတတ်တာကို ရှောင်ပေးပါ။ charging loss ကြိမ်ဖန်များစွာဖြစ်ရင် android firmware ကိုထိစေတတ်ပါတယ်။

***always make sure not to be under 30% of batter charging .

Huawei T8828 Root လုပ်နည်း

ကဲ...ကျွန်တော်တို့ တွေ root မရပါဘူး။ မြန်မာစာအဆင်မပြေပါဘူးဆိုတဲ့ huawei T8828 တော့ root ရပြီလို့ဆိုပါတယ်။ ကိုမင်းစိုးရာဇာ ရဲ့ ဆိုဒ်လေးမှာ တွေ့လို့ ကျွန်တော်ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်။ သူငယ်ချင်းတို့ စမ်းသပ်နိုင်အောင်ပါ။ ကျွန်တော်ကတော့ မစမ်းသပ်ရသေးပါဘူး။ အဆင်ပြေတယ်မပြေဘူးဆိုတာ comment ပေးခဲ့ပါ။ ကျေးဇူးတင်စရာရှိရင်တော့ ကိုမင်းစိုးရာဇာကိုကျေးဇူးတင်ကြပါခင်ဗျာ။

Coolpad 8050 ကို root လုပ်ခြင်း

Coolpad 8050 ကို root လုပ်ကြည့်ရအောင်ဗျာ။ လိုအပ်တဲ့ သူငယ်ချင်းရောင်းရင်းတွေအတွက် တင်ပေးလိုက်ပါတယ်။အရင်ဆုံးလိုအပ်တဲ့ ဖိုင်ကို ဒေါင်းပါခင်ဗျာ။
244.4 MB တော့ရှိပါတယ်။

Friday, February 15, 2013

Coolpad 8020 ကို Root လုပ်ခြင်း

ကဲ...coolpad 8020 ကတော့ ဟောဒီ Tool လေးနှစ်ခုနဲ့ရတယ်ဗျာ။ပထမအရင်ဆုံး Shuame ဆိုတဲ့ Tool လေးနဲ့ လုပ်ဗျာ။ သူက temporary root ဖြစ်သွားမယ်။ restart ချရင် root မဖြစ်တော့ဘူးပေါ့ဗျာ။ဒါကြောင့် Shuame ဆိုတဲ့ Tool နဲ့ root လုပ်ပြီးရင် restart မချပဲ Unlockroot 3.1 နဲ့ ထပ်ပြီး Root လုပ်ပေါ့ဗျာ။

လိုအပ်တာဒေါင်းပါ။





အားလုံးပဲအဆင်ပြေအောင်ကြိုးစားနိုင်ကြပါစေ။
ကျွန်တော်ပီတိတစ်ခုပဲရပါတယ်။
မြန်အောင်သားဖြိုးကြီး

Saturday, February 9, 2013

Lenovo ThinkPadTablet_A310_02_0039_0089_SC ကို ICS 4.0.3 သို့ upgrade လုပ်ပြီး Root ကြရအောင်။

Lenovo Thinkpad Tablet ဟာ စတင်ထွက်လာတုန်းက official 3.1 နဲ့ ပါ။ Root လုပ်ဖို့ အခက်အခဲ နည်းနည်းရှိတာပေါ့ဗျာ။ အခု ICS 4.0.3 ကို upgrade လုပ်ပြီး root ကြည့်ရအောင်ဗျာ။ ကျွန်တော်လည်း လိုအပ်မှ ဟိုကရှာ ဒီကရှာနဲ့ နောက်ဆုံးအဆင်ပြေသွားတာမို့ တင်ပေးလိုက်တာပါ။ 

ကဲ firmware upgrade လုပ်ပုံ နဲ့ root လုပ်ပုံလေးကို အောက်မှာ ကြည့်ပါခင်ဗျာ။

Monday, February 4, 2013

Sony Xperia Stock Roms Collections

Sony Xperia တွေအတွက် Stock Rom Collections ပါခင်ဗျာ။ လိုအပ်တဲ့ သူငယ်ချင်းတွေ လွယ်လွယ်ကူကူ ရနိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။