menu

Sunday, February 24, 2013

Jelly Bean 4.2 မှာ USB Debugging နဲ့ Developer Options ကို Enable ဖြစ်အောင်လုပ်နည်း

ကဲ...သူငယ်ချင်းတို့ရေ...ကျွန်တော်တို့ အရင်က သုံးနေကျ gingerbread တွေ ics တွေမှာ usb debugging ကို On ချင်ရင် သိပ်မခက်ဘူးနော်။ Gingerbread မှာဆိုရင် Settings>Applications>Development>USB Debugging ကို on လိုက်ရုံပဲ။ ICS မှာဆိုရင်လည်းပဲ Settings> Developer Options> USB Debugging ကို on ရုံပါပဲ။ ဒါပေမယ့်လည်း Jelly Bean 4.2 မှာတော့ Google ကပညာပြထားတယ်နော်။ USB Debugging ကို hide လုပ်ထားပါတယ်။

ဒီဟာလေး ဖြေရှင်းဖို့တော့အောက်ကအတိုင်းလိုက်လုပ်လိုက်ပါ။ မခက်ပါဘူး။

1. Go to Settings>About phone.
2. အောက်ဆုံးမှာရှိတဲ့ Build number option ကိုသွားပါ။ မနှိပ်ပါနဲ့ဦးနော်။
3. ပြီးမှ အဲဒီ Build number ပေါ်မှာ 7 ကြိမ်လောက်အဆက်မပြတ် နှိပ်ပါ။

ဒါဆိုရင်တော့ "you are now a developer" ဆိုပြီး အောက်က ပုံလေးထဲကအတိုင်းပေါ်လာပါလိမ့်မယ်။

ကဲဒါဆိုရင် hidden ဖြစ်နေတဲ့ USB Debugging နဲ့ Developer Options ကို enable လုပ်လို့ပြီးပါပြီ။သင့်ရဲ့ Jelly Bean မှာလည်း USB Debugging ကို on,off လုပ်လို့ရမယ့် options လေး ပေါ်လာပါပြီခင်ဗျား။


အားလုံးပဲအဆင်ပြေအောင်ကြိုးစားနိုင်ကြပါစေခင်ဗျား။
ကျွန်တော်ပီတိတစ်ခုပဲရပါတယ်။
မြန်အောင်သားဖြိုးကြီး

No comments: