menu

Saturday, February 9, 2013

Lenovo ThinkPadTablet_A310_02_0039_0089_SC ကို ICS 4.0.3 သို့ upgrade လုပ်ပြီး Root ကြရအောင်။

Lenovo Thinkpad Tablet ဟာ စတင်ထွက်လာတုန်းက official 3.1 နဲ့ ပါ။ Root လုပ်ဖို့ အခက်အခဲ နည်းနည်းရှိတာပေါ့ဗျာ။ အခု ICS 4.0.3 ကို upgrade လုပ်ပြီး root ကြည့်ရအောင်ဗျာ။ ကျွန်တော်လည်း လိုအပ်မှ ဟိုကရှာ ဒီကရှာနဲ့ နောက်ဆုံးအဆင်ပြေသွားတာမို့ တင်ပေးလိုက်တာပါ။ 

ကဲ firmware upgrade လုပ်ပုံ နဲ့ root လုပ်ပုံလေးကို အောက်မှာ ကြည့်ပါခင်ဗျာ။



Firmware Upgrade

1. အရင်ဆုံး အောက်ကလင့်မှာ  ThinkPadTablet_A310_03_0069_0121_SC.zip  ဆိုတာကို ဒေါင်းလုပ် လုပ်ပါ။ 191MB ရှိပါတယ်။ 4.0.3 အတွက်ပါ။


2. download ဆွဲထားတဲ့ ဖိုင်ကို Tablet ရဲ့ SD Card ထဲကို zip မဖြည်ပဲ ဒီအတိုင်း ကူးထည့်ပါ။ Tablet ကို power ပိတ်ပါ။ 

3. power ခလုတ်ကို ဖိ နှိပ်ထားပြီး volume up ခလုတ်ကို နှိပ်လိုက် လွှတ်လိုက် ခပ်မြန်မြန်လေးလုပ်ပါ။ vibration  တစ်ချက် မြည်ရင် power  ခလုတ်ကို လွှတ်ပါ။ Tablet ရဲ့ ဘယ်ဘက်ထောင့်မှာ စာကြောင်းလေး ပေါ်လာရင် တော့ volume up ကို မနှိပ်ပဲ လွှတ်လိုက်လို့ရပါပြီ။ 

3. ဒါဆိုရင်တော့ Recovery Mode ထဲကို ရောက်သွားပါပြီ။အဲဒီကမှ Install From External SD Card ဆိုပြီး ကျွန်တော်တို့ ထည့်ထားတဲ့ ThinkPadTablet_A310_03_0069_0121_SC.zip dကို install လုပ်လိုက်ပါ။ ခနစောင့်ပေးပါ။ restart ကျပြီး ပြန်တက်လာရင်တော့ ICS 4.0.3 ကို ရပါပြီ။

How To Root

1. အောက်က Root File လေးကို download ဆွဲပါ။




2. ပြီရင်တော့Extract လုပ်ပြီး အထဲက RootDebugfs.bat ကို run လိုက်ပါ။
    keyboard ကနေ 1 ကိုနှိပ်ပြီး Enter ခေါက်ပါ။ လိုအပ်တဲ့ နေရာတွေမှာ Enter တွေခေါက်ပြီး  ဆက်လုပ်သွားပါ။ restart နှစ်ခါ လောက်ကျပြီးသွားလို့ ပြန်တက်လာရင် root access ရပါပြီခင်ဗျာ။


အားလုံးပဲအဆင်ပြေအောင်ကြိုးစားနိုင်ကြပါစေခင်ဗျာ။
ကျွန်တော်ပီတိတစ်ခုပဲရပါတယ်။
မြန်အောင်သားဖြိုးကြီး

No comments: