menu

Sunday, November 11, 2012

ONDA Tablet Vi30_V1 16GB ကို ICS Firmware 4.0.3 တင်နည်း

ကျွန်တော်တို့ ONDA Tablet တွေဟာ model တစ်ခုမှာ version အမျိုးမျိုးကွဲပြားတတ်ပါတယ်။
ဥပမာ. onda tablet VI30 မှာ ဆိုရင် VI30,VI30WP,VI30D,VI30F စသည်ဖြင့် အမျိုးမျိုးရှိတတ်ပါတယ်။
ဒါ့အပြင် VI30 မှာ ဆိုရင်လည်း v1,v2,v3,v5 ဆိုပြီး version က ထပ်ပြီး ကွဲပါသေးတယ်။တခြားVI30WP,VI30D,VI30Fတွေဟာလဲ ထိုနည်းအတိုင်းပါပဲ။

VI30 V1 tablet မှာ V2 ရဲ့ firmware ကို သွားတင်လို့မရပါဘူး။ touch  ကအလုပ်မလုပ်တာတို့ firmware မတက်နိုင်တာတို့ဖြစ်တတ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ ONDA Tablet တွေကို firmware တင်တဲ့ နေရာမှာ သူ့ရဲ့ version ကို တိတိကျကျသိဖို့ကအရေးကြီးပါတယ်။
ဒီလိုသိနိုင်ဖို့ အရေးအကြီးဆုံးက onda tablet တွေရဲ့ နောက်မှာ ပါတဲ့ serial number လေးက အခရာ ကျလှပါတယ်။
တစ်ချို့ onda tablet model တွေမှာ ငွေရောင်sticker လေးနဲ့ ကပ်ထားတတ်ပြီးတော့၊ တစ်ချို့မှာကျ tablet ကိုယ်ထည်မှာ serial number ကို ရေးထားတတ်ပါတယ်။
ကဲ….ကျွန်တော်တို့ serial number လေးကို ကြည့်ပြီး တင်ရမယ့် firmware version ကို တိတိကျကျလေး အဖြေရှာကြည့်လိုက်ရအောင်။
ထားလိုက်ပါတော့…..
ကျွန်တော့် onda tablet ရဲ့ serial number က VI30ABBV1AZ0157 ဆိုပါတော့ဗျာ။
ဒါဆိုရင် VI30 ၊ version က serial number ရဲ့ အလယ်လောက်ကို ကြည့်မယ်ဆိုရင် V1 ဆိုပြီး တွေ့ပါက ကျွန်တော်တို့တင်ရမယ့် firmware က
VI30 V1 ကိုတင်ရမှာပါ။
ကျွန်တော်လည်း VI30 V1 ကို နမူနာထားပြီး အားလုံးနားလည်အောင်ရှင်းပြပေးချင်ပါတယ်။
Firmware တင်နည်း
၁။    အရင်ဦးဆုံး တင်မယ့် VI30 V1 firmware ကို download လုပ်ရပါမယ်။size က 269 MB တော့ ရှိပါတယ်။
၂။    ရလာတဲ့ rar file ကို folder တစ်ခုထဲကို ဖြည်ချလိုက်ပါ။
၃။    အောက်ကပုံကအတိုင်း document တစ်ခုရယ်၊ image တစ်ခုရယ်၊ exe တစ်ဖိုင်ရယ် သုံးခုရလာပါမယ်။
ဒီမှာ အရေးကြီးလာပါပြီ။ ကျွန်တော်တို့ လုပ်ရမှာတစ်ခု img ဖိုင်ကို နာမည်ပြောင်းပစ်ရပါမယ်။ဟုတ်ပြီ။VI30_V1.imgဆိုပြီး နာမည်ပြောင်းလိုက်ရအောင်ဗျာ။
၎။    LiveSuitPack_v1.07.exe ကို Run လိုက်ပါ။ exe ဖိုင် ကို run လိုက်တယ်ဆိုတာနဲ့ အဲဒီနေရာမှာ သူ့ဟာသူ file တွေကို ဖြေချပါလိမ့်မယ်။
အောက်ကပုံမှာ ပြထားတဲ့အတိုင်း မျဉ်းနီတားထားတဲ့ drvinstaller_X86.exe ကို ရှာပြီး ထပ် run ပေးပါဦး။(ဒါက 32-bit windows တွေအတွက်ပါ။တကယ်လို့ ကိုယ့်ရဲ့ computer က 64-bit windows ဆိုရင် drvinstaller_X64.exe ကို run ပေးရပါမယ်။အဓိက က tablet ရဲ့ driver ကိုinstall လုပ်လိုက်တာပါ)
၅။    နောက်တစ်ဆင့်မှာ LiveSuit.exe ကိုဖွင့်ပေးလိုက်ပါ။ပုံထဲကအတိုင်းပါပဲ…..No ကို နှိပ်လိုက်ပါ။
၆။    အောက်က ပုံထဲမှာပြထားတဲ့နေရာလေးမှာ နှိပ်ပြီး img ဖိုင်ကို mount လုပ်ရပါမယ်။
၇။    ဒီနေရာမှာ ကျွန်တော်တို့ tablet ကို computer နဲ့ ချိတ်ရပါတော့မယ်။ အရင်ဆုံး tablet ကို power ပိတ်လိုက်ပါ။tablet မှာ ခလုတ်သုံးခု အတွဲ လိုက်ရှိပါတယ်။
အလယ်ကခလုတ်(ပြောရရင်menu ခလုတ်) ကိုဖိထားပြီး computer မှာusbနဲ့ ချိတ်လိုက်ပါ။ပြီးရင် power button ကို သုံးချက်နှိပ်လိုက်ပါ။ box လေးတွေကျလာရင် Yes တွေပဲရွေးပြီး
နှိပ်ပေးပါ။  firmware ကို စတင်ပြီး install လုပ်နေပါပြီ။ 100% ပြည့်ရင် box တစ်ခု ကျလာပါလိမ့်မယ်။ ok နှိပ်လိုက်ပါ။
ဒါဆိုရင်တော့ ကျွန်တော်တို့ ONDA Tablet ကို ICS firmware တင်ခြင်းပြီးဆုံးပါပြီ။
download link ကဒီမှာပါ။



 အားလုံးပဲအဆင်ပြေပါစေ။

မြန်အောင်သားဖြိုးကြီး

No comments: