menu

Sunday, December 9, 2012

How to Unlock your Android Pattern Lock(Pattern Lock Error ဖြေရှင်းနည်း)





ကျွန်တော်တို့တွေ Android Device တွေသုံးကြတဲ့အခါမှာ မိမိတို့ ရဲ့Android Device လေးကို တခြားသူတွေအလွယ်တကူဖွင့်လို့မရအောင်ဖြစ်ဖြစ် ကိုယ်ပိုင် pattern lock လေးတွေ၊ password လေးတွေ၊ pin number လေးတွေပေးပြီး security ထားတတ်ကြပါတယ်။ တစ်ခါတစ်လေ ကိုယ်ပေးလိုက်မိတဲ့ အဲဒီ security lock လေးတွေကို ကိုယ့်ဟာကိုယ်ပြန်မမှတ်မိတော့တာ၊ ဒါမှ မဟုတ် security lock ကို မသိတဲ့ အခြားလူတစ်ယောက်က ကိုယ်ပေးထားတဲ့ pattern,pin နဲ့ password ကိုအကြိမ်ကြိမ် အမှားတွေရိုက်လိုက်လို့ account တွေဝင်ခိုင်းပြီး မိမိ android phone ဖြစ်ဖြစ် android tablet ဖြစ်ဖြစ် ဖွင့်လို့မရတော့တဲ့အခါ စိတ်ညစ်ကြရပါတယ်။ ကျွန်တော့်ဆရာသမားတွေအားလုံးအဆင်ပြေအောင် ကျွန်တော်စမ်းသပ်ထားတာလေးတင်ပေးလိုက်ပါတယ်။ တစ်ခုရှိတာက မိမိတို့ရဲ့android device က
2.2(Froyo), 2.3(Gingerbread) တွေမှာဆိုရင် setting>application>development>usb debugging က on နေရပါမယ်။ 4.0(ICS) တွေမှာဆိုရင် setting>developer options>usb debugging က on ပြီးသားဖြစ်ရပါမယ်။


ကဲ...ဒီနေ့တော့ ကျွန်တော့် ဘလော့လေးရဲ့ android tutorial အဖြစ် patter lock ဖြေရှင်းနည်းလေးကိုတင်ပေးပါမယ်။လိုအပ်တဲ့ software လေးကို အောက်မှာ အရင်ဒေါင်းပါ။အဲဒီ software လေးက ကျွန်တော် အကြိမ်ကြိမ် တင်ဖူးပါတယ်။ ဒါပေမယ့် တရုတ်စာတွေနဲ့ချည်းဆိုတော့ မစမ်းသပ်မိတဲ့ ညီအစ်ကို တွေအတွက် ကျွန်တော့် huawei c8500s လေးကို နမူနာထားပြီး စမ်းပြပေးပါမယ်။
software လေးကို download လုပ်ပြီးပြီဆိုရင်တော့ မိမိတို့ computer မှာ တင်လိုက်ပါ။ပြီးရင် ပုံထဲကပြထားတဲ့အတိုင်း တစ်ဆင့်ချင်း လုပ်သွားလိုက်ပါ။






ကဲ..ပုံထဲကအတိုင်းလုပ်ပြီးသွားရင်တော့ ကျွန်တော်တို့ android ဖုန်း ဒါမှမဟုတ် tablet ကို ပြန်ကြည့်လိုက်ပါ။ နဂိုအတိုင်း patter lock က ရှိနေတုန်းပါပဲ။ အဲဒီ pattern lock ကို ကိုယ်ဆွဲချင်သလို ဆွဲလိုက်ပါ။ pattern lock က unlock ဖြစ်သွားတာကို တွေ့ရမှာပါ။ သေချာအောင် setting ထဲကိုသွားပြီး patter lock ကို None ထားပြီး ဖုန်း ဒါမှမဟုတ် tablet ကို restart ချလိုက်ပါ။
ဒါဆိုရင်တော့ အိုကေသွားပြီပေါ့ဗျာ။
ဒီနည်းက ကျွန်တော့် လက်လှမ်းမီသလောက် Froyo,Gingerbread,ICS တွေမှာ စမ်းသပ်ဖူးပါတယ်။ တော်တော်များများအဆင်ပြေပါတယ်ခင်ဗျာ။

ဟောဒီမှာ software လေးကို ဒေါင်းပါ။


အားလုံးပဲအဆင်ပြေကြပါစေဗျာ။
ကျွန်တော် ပီတိတစ်ခုပဲရပါတယ်။
မြန်အောင်သားဖြိုးကြီး

2 comments:

Myo Min said...

အကိုရေ unlock android pattern lock software လေးရှိရင်ပြန်တင်ပေးပါလားလို့။ကျွှန်တော် ဒေါင်းတာ mediafire လင့်က သေနေပြီးဖြစ်နေလို့ပါ။ ကျေးဇူးအများကြီးတင်ပါတယ်။

Unknown said...

ကျေးဇူးတင်ပါတယ်ရှင်