menu

Sunday, April 28, 2013

Huawei T8828 Root လုပ်ခြင်း(Real Working)


Root လုပ်လို့မရပါဘူး ဆိုတဲ့ Huawei T8828 ကတော့ Root လုပ်လို့ရပါပြီလို့ဆိုပါတယ်။  Libra Mobile Phone Traning And Service Centre မှ တင်ထားသော ဒီပို့စ်လေးကို လိုအပ်နေတဲ့ သူငယ်ချင်းများအတွက်တင်ပေးလိုက်ပါတယ်။ ကျွန်တော်ပထမတစ်ခေါက်တင်ထားတဲ့ huawei t8828 root က အဆင်မပြေပါဘူး။ အဆင်မပြေပဲဘာဖြစ်လို့တင်ထားရလဲဆိုပြီး cbox မှာ လာပြောတဲ့လူလည်းရှိပါတယ်။ huawei T8828 root ရပါပြီဆိုတဲ့အချိန်မှာ ကျွန်တော့်လက်ထဲမှာ စမ်းသပ်စရာ t8828 လုံးဝမရှိပါဘူး။ ဒါပေမယ့် လိုအပ်နေတဲ့သူတွေကို အဆင်ပြေစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပဲကျွန်တော်တင်တာပါ။ ဒီပို့စ်ကိုတင်တဲ့ libra mobile မှ စမ်းသပ်ထားတဲ့ လူတွေကိုလည်း ကျွန်တော်ယုံကြည်တဲ့အတွက် တင်ခြင်းဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်က တကယ်လိုအပ်တယ်ဆိုရင် ကိုယ်တိုင် စမ်းသပ်တဲ့ ကြိုးစားမှုကိုတော့ လုပ်ရမယ်ထင်ပါတယ်။ ဒီတစ်ခါတော့
"စမ်းသပ်ပြီး 200% အဆင်ပြေပါတယ်" ဆိုတဲ့အတွက် သူငယ်ချင်းတို့တွေလည်း ကျေနပ်မှာပါ။ အဆင်ပြေသည်မပြေသည်ကို comment လေးတွေရေးပေးခဲ့ကြပါ။

မူရင်းပို့စ်အတိုင်းတင်ပေးလိုက်ပါတယ်။



One of the God Phone လို့အမည်ပေးထားတဲ့ T8828 ရဲ့ အမှန်တကယ် Root ရပါပြီ ..။

Huawei T8828 ကို One of the God Phone ဆိုပြီး နာမည်ကြီးနေတဲ့အတွက် User တွေအနေနဲ့ Myanmar Font တွေသွင်းမရတာ အခြား Root ရမှ ရတဲ့ Application တွေ သွင်းမရတာကို ကြိတ်မနိုင်ခဲမရ ဖြစ်နေတာကြာပါပြီ ....။

ခုတော့ T8828 ကို အောင်မြင်စွာ Root နိုင်ပါပြီ ...။

ပထမဦးဆုံး မိမိတို့ ကွန်ပျူတာမှာ Driver ရှိရမှာဖြစ်ပါတယ် ...။ Driver သွင်းဖို့အတွက်ကို PC suite တွေနဲ့သွင်းထားလိုက်ပါ ...။

ပြီးရင် ကျွန်တော်ပေးတဲ့ ဇစ်ဖိုင်လေးကိုဖြည်ထားပါ ... ။

sd card ကို format ချပေးပြီးတပ်ပေးထားပါ ။

phone ကို battery ဖြုတ်ပြီး 5s လောက်စောင့်ပေးပါ battery ပြန်တပ်ပြီးတော့ Recovery mode ကိုဝင်ပေးပါ ...။ Recovery mod ၀င်နေတဲ့အချိန်မှာ ကွန်ပျူတာနဲ့ကြိုးကိုချိတ်ပါ ... ။

တစ်ခုသတိပေးချင်တာက manual ပဲဝင်ပါ recovery mod ကို ...။ adb ကနေမ၀င်ပါနဲ့ ...။

ဒါဆို အိုခေ root.bat ကို Run ပေးပါ ...။ press any key လို့ပေးလာတဲ့အခါ ကြိုးကို ဆွဲဖြုတ်ပါ ... ။ recovery mod က apply update from sd card ကိုရွေးပြီး 8828.supk ကို install လုပ်ပေးပါ ... ။ progress bar ပြည့်ပြီး ပြီးသွားတဲ့အခါ battery ကိုဖြုတ်ပေးပါ ပြန်ပြီး power on လိုက်တဲ့အခါ မိတ်ဆွေတို့လိုချင်တဲ့ root ရပါပြီ ...။

စမ်းသပ်ပြီး 200% အလုပ်လုပ်ပါတယ် .... ။

ကူညီစမ်းသပ်ပေးပါသော Range Measurer နှင့် မင်းဟိန်းလုံ (ကြောင်စုတ်) ကိုအထူးပင်ကျေးဇူးတင်ရှိပါသည် ...။

ဖိုင်ကိုဒီမှာဒေါင်းပါ -----------------> 
(1) . http://d-h.st/k2L
 
(2).  http://www.mediafire.com/?1mc06fc5htv92kv

reference : bbs.anzhi.com
credit to : စိုင်းအာကာ
 
Credit to : Libra Mobile Phone Service နဲ့ Credit ပေးရန်ရှိသော လူများအားလုံးကို Credit ပေးပါတယ်။

အားလုံးပဲအဆင်ပြေပါစေ။
ကျွန်တော်ပီတိတစ်ခုပဲရပါတယ်။
မြန်အောင်သားဖြိုးကြီး
 
 

3 comments:

phyokyaw said...

huawei T8300 CWM ‌လေးလို့ချင်လို့ပါ

phyokyaw said...

huawei T8300 CWM ‌လေးလို့ချင်လို့ပါ

Unknown said...

အဆင်ပြေသွားပြီ ကျေးဇူးအများကြီးတင်ပါတယ်
ကျွန်တော် က မဲဇလီကုန်းကပါ