menu

Friday, May 17, 2013

Samsung Galaxy Trend DUOS GT-S7562 4.0.4 Root နည်း






Samsung Galaxy Trend DUOS GT-S7562 4.0.4 ကို root လုပ်တာလေးကျွန်တော်တင်ပါမယ်။ လိုအပ်တဲ့သူတွေ ယူကြပါခင်ဗျာ။ လုပ်ပုံလုပ်နည်းက လွယ်ပါတယ်။ ကျွန်တော်တို့ လုပ်နေကျဖြစ်တဲ့ Odin နဲ့ပဲလုပ်တာပါ။ အဆင်ပြေပါစေ။

အရင်ဆုံး Root file နဲ့ Driver ကို အောက်မှာဒေါင်းပါခင်ဗျာ။

Download Samsung GT-S7562 Root Tool  

Download Samsung Driver 





1.ဖုန်းကို usb debugging on ထားပေးပါ။ ပြီးရင်ဖုန်းကို ပါဝါပိတ်ထားလိုက်ပါ။


2.  ဒေါင်းလုပ်ဆွဲထားတဲ့ root tool ဖိုင်ကို extract လုပ်ပါ။ file 3 ခု ရပါမယ်။


3. ရလာတဲ့အထဲက odin.zip ကို ဖြည်ချပြီးအထဲက Odin3 v1.85.exe ကို Run လိုက်ပါ။


4.အောက်ကပုံလေးထဲကအတိုင်း အစိမ်းရောင်နဲ့ပြထားတဲ့ Auto Reboot နဲ့ F.Reset Time ကို check box မှာ on ပေးပါ။ PDA မှ download ဆွဲထားတဲ့ root tool ဖိုင် ထဲက recovery.tar ကိုထည့်ပါ။

                                                                         ပုံ(၁)

5. ဖုန်းကို Downloading Mode ထဲကို ၀င်ပါမယ်။ ဖုန်းကို Volume Down + Home + Power ခလုတ်သုံးခု ကိုတပြိုင်နက်ဖိပြီး ဖွင့်လိုက်ပါ။


6. ဖုန်း screen မှာ  warning ပေါ်လာရင်တော့ Volume Up ကိုတစ်ချက်နှိပ်ပါ။ဒါဆိုရင် Downloading Mode ထဲကိုရောက်ပါပြီခင်ဗျာ။ 


7. ဖုန်းကို USB ကြိုးနဲ့ကွန်ပျူတာမှာ ချိတ်လိုက်ပါ။ အပေါ်က ပုံ(၁)ထဲက အနီရောင်နဲ့ဝိုင်းပြထားတဲ့အတိုင်း ပေါ်လာပါမှ ဖုန်းနဲကွန်ပျူတာချိတ်ဆက်မိတာပါ။မဟုတ်ရင် driver မသိသေးပါဘူး။ လိုအပ်တဲ့ driver ကိုလည်းကျွန်တော်တင်ပေးထားပါတယ်။


8.ကဲ...အဆင်သင့်ဖြစ်ရင် start ကို နှိပ်လိုက်ပါတော့Odin ဟာ flashing process ကိုပြီးတဲ့နောက်မှာ "Pass" ဆိုပြီးလာပြပါလိမ့်မယ်။ ဒါဆိုရင်ကျွန်တော်တို့ဟာ Root လုပ်ဖို့အတွက် CWM Recovery ထည့်တဲ့ အဆင့်ပြီးပါပြီ။ ပြောဖို့ကျန်နေသေးတယ်..."Pass" ဖြစ်ပြီးတဲ့နောက်မှာ ဖုန်းဟာ သူ့ဟာသူrestart ကျပါလိမ့်မယ်။ ဖုန်းကိုပြန်မတက်ပါစေနဲ့။ ဘက်ထရီကိုဆွဲဖြုတ်လိုက်ပါ။



9.  micro sd card ထဲကို ဒေါင်းလုပ်ဆွဲထားတဲ့ CWM-Superuser-3.1.3.zip ကိုကူးထည့်ပါ။ပြီးရင် micro sd ကို ဖုန်းမှာတပ်ပါ။


10.Volume UP + Volume Down + Home + Power ခလုတ်လေးခုကို ဖိနှိပ်ထားပြီး Recovery Mode ထဲကိုဝင်ပါ။ Recovery Mode ထဲကိုရောက်ပြီဆိုရင်တော့

"Install Zip from sdcard"

"Choose Zip from external sdcard" 

"CWM-Superuser-3.1.3.zip"

ကိုရွေးပြီး install လုပ်လိုက်ပါ။
ပြီးရင်တော့ reboot ချပေါ့နော်။

ကဲ...ပြန်တက်လာရင်တော့ superuser ပါတဲ့ root access ဖြစ်ပြီးသား ဖုန်းလေးကိုပိုင်ဆိုင်နိုင်ပါပြီ။


အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။
ကျွန်တော်ပီတိတစ်ခုပဲရပါတယ်။
မြန်အောင်သားဖြိုးကြီး       

No comments: