menu

Tuesday, July 9, 2013

Samsung Galaxy Trend 2-SCH I739 Root


SCH I739 ရဲ့ Root လေးပါ။ လိုအပ်သော သူငယ်ချင်းများယူသွားကြနော်။ 
Root အဆင်မပြေသေးဘူးကြားလို့ တရုတ်ဆိုဒ်တွေထဲ ကြိုးစားပြီး ရှာတာတွေ့လို့ပြန်တင်လိုက်ပါတယ်။Odin3 1.85 နဲ့ပဲလုပ်တာပါ။

အရင်ဆုံးလိုအပ်တာလေးတွေ ဒေါင်းလိုက်ပါ။





1. Odin3 1.85.rar ကို ဖြည်ချပြီး Odin3 v1.85.exe ကို run ပါ။

2. I739 root.rar ကို ဖြည်ချလိုက်ပါ။ .md5 နဲ့ ဆုံးတဲ့ ဖိုင် နှစ်ခုရယ် superuser.apk ဆိုတာရယ် ရပါမယ်။

3. အောက်ကပုံထဲကအတိုင်း PDA ကနေ 27328200.tar.md5 ကို သွားပြီး ရွေးလိုက်ပါ။






4. ဖုန်းကို ပါဝါပိတ်ပါ။ Volume (-) , Home , Power ခလုတ်သုံးခုကိုနှိပ်ပါ။ ပြီးရင် Voume (+) ကို တစ်ချက်ထပ်နှိပ်ပါ။ ဒါဆို Download mode ထဲကို ရောက်ပါပြီ။ ပြီးရင် ဖုန်းကို usb ကြိုးနဲ့ ကွန်ပျူတာမှာချိတ်ပါ။

5. ပြီးရင် Start ကိုနှိပ်လိုက်ပါ။ ပြီးသွားရင် သူ့ဟာသူ restart ကျပါလိမ့်မယ်။ 

-ဒါပေမယ့် samsung logo အောက်မှာ အ၀ါရောင် တြိဂံလေး ပေါ်နေပါတယ်။ဒါကိုရှင်းဖို့အတွက် ဖုန်းကို ပါဝါထပ်ပိတ်ပါ။
Odin ကို ဖွင့် ၊ အောက်က ပုံထဲကအတိုင်း PDA ကနေ boot.tar.md5 ကိုရွေး ၊ ဖုန်းကို Download mode ထဲကို ၀င် ၊ ကွန်ပျူတာမှာ ဖုန်းကို တပ်၊ ပြီးရင် start ကို နှိပ်။( အဆင့် 3 ကနေ 5 လုပ်တဲ့ ပုံစံအတိုင်းပဲနော်)



6. Restart ကျပြီး ပြန်တက်လာရင် superuser ကို ဖုန်းမှာ install လုပ်လိုက်ရုံပါပဲ။

အားလုံးပဲအဆင်ပြေကြပါစေ။
မြန်အောင်သားဖြိုးကြီး


No comments: