menu

Tuesday, February 25, 2014



ဘာရယ်တော့မဟုတ်ဘူး အပျော်ပေါ့ နော် ချစ်သယ်ရင်းတို့ တစ်ချို့တွေ 
အန်းဒြိုက်ဗားရှင်းစစ်ကြတယ် ဘာညာနဲ့ platlogo လေးပေါ်လာရင် ဖိထားလိုက်တယ် ICS မှာ ဆို android 16bit အကောင်လေးတွေ က ပျံလို့
jellybeam မှာဆို jelly တောက်တမ်းကစားလို့ရတယ်လေ ကဲ အဲ့ဒိကောင်လေးတွေကို ခု ဟောဒီက ပုံလေးတွေလိုပြောင်းကြည့်ကြရအောင်...ဗျာာ
ပထမဆုံးလုပ်ကမှာက rootexplorer သွင်းပြီးတော့ ဖုန်းကို root ဖောက်ထား... adb command နဲ့ဆွဲထုတ်တက်တဲ့သူတွေကတော့
mount ပြီးဆွဲထုတ်ပေါ့.. ခုက user တွေအတွက် ဆိုတော့ ဒီနည်းလေးနဲ့လိုက်လုပ်ကြည့်နော်...

ပထမဆုံး ဖုန်းကို အရင် root ဖောက်ပါ...
ပြီးရင် rootexplorer လေးကို Install လုပ်လိုက်ပါ
rootexplorer ထဲဝင်ပြီးတော့ အပေါ်က R/W ဆိုတာလေးကိုနှိပ်လိုက်ပါ



ပြီးရင် system >> app >> SystemUI.apk ကို sdcard ထဲ copy ကူးလိုက်
computer ထဲကို ပါ ထပ်ကူးဗျာ..
ကွန်ပျူတာ မှာ 7zip လေးသွင်းထား
ပြီးရင် SystemUI.apk ပေါ်ကို rightclick ထောက်
extract လုပ်ချပစ်လိုက်အရင်ဆုံး
ပြီးရင် res folder ထဲက drawable-nodpi ဆိုတဲ့ထဲမှာ ရှိတဲ့ ပုံလေးတွေကို ကိုလိုချင်တဲ့ပုံလေးတွေပြင် (*Name နဲ့ resolution ကို တော့ မပြောင်းပစ်ပါနဲ့*)
ပြီးပြီဆို၇င်တော့ အာ့ကောင်လေးတွေကို SystemUI.apk ထဲကို ထည့်
ထည့်တဲ့နည်းက ဒီလို
apk ကို zip ဖြည်မချပါနဲ့ open archive နဲ့ပဲဖွင့်ပါ
res >> drawable-nodpi ထဲက ကိုပြောင်းမယ့်ပုံတွေကို အရင်ဖျက်ပစ်ပါ
ပြီးရင် ကိုပြင်ထားတဲ့ပုံကို drag လုပ်ပြီးဆွဲထည့်ပါ (ပုံတွေက PNG formet နဲ့ပဲဖြစ်ရမှာနော်)
ပြီးပြီဆိုလို့ရှိရင်တော့ sdcard ထဲပြန်ကူးထည့်လိုက်ပါခင်ဗျာ..
rootexplorer ကိုဖွင့် system >> app ထဲကို copy ကူးထည့်လိုက် overwrite လုပ်မလားမေးရင်လုပ်ပေးလိုက် အကို
ပြီးရင်တော့ permission ကို rw-r-r ပေး ဖုန်းကို reboot ချ ရပါပီခင်ဗျာ...

No comments: