" Sony " အသုံးပြုသူများ အခက်အခဲဖြစ်လာတဲ့ Firmware ဒေါင်းလို့ အဆင်မပြေတာတွေ
လိုချင်တဲ့ Model တွေမတွေ့ တာတွေ နဲ့  လိုချင်တာအဆင်မပြေတာတွေ အတွက်
ဒီပိုစ့်လေးတင်ပေးလိုက်ပါတယ်
ဒီကောင်လေးကတော့ " SUS " Sony Update Service တို့  Xperiafirm.exe
တို့ အသုံးပြုပြီးဒေါင်းလို့ ရလာတဲ့ဖိုင်များကို
"Flashtool " အသုံးပြုပြီး FTF ဖိုင်များပြန်လည်ပြုလုပ်နည်းလေးတင်ပေးလိုက်ပါတယ်
"SUS" အသုံးပြုသူများကတော့ လုပ်မယ့်ဖုန်းလေးနဲ့ အင်တာနက်လိုပါတယ် Xperiafirm.exe
အသုံးပြုသူတွေကတော့
အင်တာနက်လေးပဲလိုပါတယ်
ကျွန်တော်ကတော့ " Xperiafirm.exe " လေးသုံးပြီးဒေါင်းလို့ ရလာတဲ့ဖိုင်လေးနဲ့ နမူနာပြပေးထားပါတယ်

ကျွန်တော်ကတော့ Flashtool ဒီဗားရှင်းကိုအသုံးပြုထားပါတယ်
Flashtool ကိုဖွင့်ပြီး Tool ဆိုတဲ့အထဲကနေ Flieset Decrypt ဆိုတာလေးရွေးပေးပါ ဒီလိုလေးပေါ့

အဲ့ဒါလေးရွေးလိုက်ရင်ဒီလိုလေးပေါ်လာပါလိမ့်မယ်ဗျာ

အဲ့မှာ Source Folder ဆိုတဲ့နေရာမှာ မိမိတို့ ဒေါင်းထားလို့ ရလာတဲ့ Folder လေးကိုရွေးပေးပါ
FILE_281073473 တို့ ဘာတို့ ပေါ့ဗျာ.....

ရလာတဲ့ဖိုင်က လေးခုပဲဖြစ်နေပါမယ့် ဖိုင်ဆိုက်တွေကတော့ မှန်းထည့်ပေါ့ဗျာ.... ဆိုက်အကြီးဆုံး တခုနဲ့ 
17MB တခုရယ် KB အသေးဆုံးတခုရယ်
KB အသေးဆုံးနောက်တခုရယ်ပေါ့ဗျာ....
အဲ့အဆင့်ရောက်ပြီဆိုရင် ညာဘက်ကိုသွားတဲ့မျှားလေးကို နှိပ်လိုက်ပါ

ပြီးပြီဆိုရင် Convert ဆိုတာလေးနှိပ်လိုက်ပါ ဒီလိုလေးပြနေပါ့မယ် စောင့်နေပါ

ဒီလိုလေးထပ်ပေါ်လာပါလိမ့်မယ်

အဲ့နေရာမှာ Device ဆိုတာလေး နှစ်ချက်နှိပ်လိုက်ရင် သူက Device ရွေးခိုင်းလိမ့်ပါမယ်


အဲ့မှာ Device ရွေးတာပြီးပါပြီ အောက်က ဟာတွေကတော့ မိမိတို့ အဆင်ပြေသလို့ ဖြည့်ပေါ့ဗျာ...
အားလုံးပြီးပြီဆိုရင် ဖိုင်တွေအကုန်လုံး Select လုပ်ပြီး ညာဘက်မျှားလေးထပ်နှိပ်ပေးပါ

ပြီးရင်ဒီလိုလေးထပ်ပြပါလိမ့်မယ်

အဲ့အဆင့်မှာဆိုရင် ကိုယ်ထည့်လိုက်တာ ဘာဖိုင်တွေပါလည်းဆိုတာသူပြပေးပါလိမ့်မယ် FTF
ထုတ်တော့မယ်ဆိုရင် Creat ဆိုတာလေးနှိပ်လိုက်ပါ
သူ့ ဟာသူ ဆက်လက်လုပ်ဆောင်ပေးပါလိမ့်မယ်

အားလုံးပြီးပြီဆိုရင်တော့ မိမိတို့ ကွန်ပြုတာရဲ့  C/Flashtool / Firmware ထဲမှာ မိမိတို့ ပြောင်းထားတဲ့
FTF file နဲ့ အတူ Torrent file လေးပါ
ရောက်နေပါလိမ့်မယ် မကျေနပ်သေးလို့ ဟုတ်မဟုတ်စမ်းချင်ရင်တော့ ဖုန်းတလုံးကိုယူပြီးရေးကြည့်ပါ

ကျွန်တော်ကတော့ Z2 နဲ့ စမ်းသပ်ပြီးမှပြန်တင်ပေးတာပါ ကျန်တာကတော့
Make Your Owm Risk ပေါ့နော် :)
အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းရင်း............... nyipaing39@gmail.com
No comments:
Post a Comment