menu

Monday, November 12, 2012

မြန်အောင်မြို့ ရှုခင်းများ

မြန်အောင်ကိုသတိရတယ်။ အေးချမ်းတဲ့ ကျွန်တော့်မြို့လေးကို မြတ်နိုးတယ်။ စကားပြောဘုကျကျနဲ့ စိတ်ရင်းကောင်းတတ်တဲ့ ကျွန်တော်တို့မြို့သူမြို့သားတွေ...အားလုံးကို သတိရလျှက်ဒီပုံလေးတွေကိုတင်ဖြစ်ပါတယ်။
မြန်အောင်သား ကိုမင်းဝေဇင် ရဲ့ ဘလော့လေးကနေ ဒီဓါတ်ပုံတွေကိုကူးယူဖော်ပြပါတယ်။



★ ရွေးခြယ်ခွင့်♪♫

ဘောဂဗေဒမှာ
လူဆိုတာ..
ရွေးခြယ်တတ်သောသတ္တ၀ါ။

အူဝဲအရွယ်
အမေလက်..အဖေလက်ရွေးခြယ်တယ်။

ကျောင်းနေတော့
သူငယ်ချင်းကေါင်း မကေါင်းရွေးခြယ်တယ်။

ဆယ်တန်းအောင်တော့
မေဂျာကေါင်း မကေါင်းရွေးခြယ်တယ်။

နှလုံးသားနိုးထတာ့
ကြည်နူးစရာကေါင်း မကေါင်းရွေးခြယ်တယ်။

ရသခံစားခြင်တော့
လှမလှရွေးခြယ်တယ်။

အိမ်ထောင်ပြုခြင်တော့
လက်တွဲဖေါ်သင့် မသင့်ရွေးခြယ်တယ်။

................................................
................................................
................................................

ဒါပေမဲ့...
နွားတစ်ကေါင်အတွက်တော့
ရွေးခြယ်ခွင့်က
ထမ်းပိုးနဲ့ လှည်းတုတ်။

ဟုတ်ပါပီ..
တခါတလေ.....
(ရွေးခြယ်ခြင်းမှန်ပါမှ...)

Sunday, November 11, 2012

ONDA Tablet Vi30_V1 16GB ကို ICS Firmware 4.0.3 တင်နည်း

ကျွန်တော်တို့ ONDA Tablet တွေဟာ model တစ်ခုမှာ version အမျိုးမျိုးကွဲပြားတတ်ပါတယ်။
ဥပမာ. onda tablet VI30 မှာ ဆိုရင် VI30,VI30WP,VI30D,VI30F စသည်ဖြင့် အမျိုးမျိုးရှိတတ်ပါတယ်။
ဒါ့အပြင် VI30 မှာ ဆိုရင်လည်း v1,v2,v3,v5 ဆိုပြီး version က ထပ်ပြီး ကွဲပါသေးတယ်။တခြားVI30WP,VI30D,VI30Fတွေဟာလဲ ထိုနည်းအတိုင်းပါပဲ။

Root Tool for Android Tablets(2.2 မှ ICS 4.0.3)


ဒီပို့စ်လေးကို ကျွန်တော် www.myanmarmobileapp.com မှာ တင်ဖူးပါတယ်။အခုမှ ကျွန်တော့်blogလေးမှာ ပြန်လည်တင်ခြင်းဖြစ်ပါသည်။

အခု ကျွန်တော်ပြောပြမယ့် root လုပ်နည်းက တော်တော်များများ android tablet တွေကို root လုပ်ပေးနိုင်ပါတယ်။
အများ မျှော်လင့်ကြတဲ့ lenovo tablet ရဲ့ model တော်တော်များများကို root လုပ်ပေးနိုင်ပါတယ်။
ONDA Tablet ရဲ့ model အားလုံးနီးပါးကိုလည်း root လုပ်လို့ရပါတယ်။
China Tablet တော်တော်များများကို root လုပ်လို့ရပါသေးတယ်။
ပြီးတော့ ဒီ software လေးမှာ HTC နဲ့ sony ဖုန်းတွေကို unlock လုပ်နိုင်တဲ့ Tools လေးတွေလဲ ပါဝင်ပါတယ်။
အချို့ pattern lock ကျသွားလို့ အသုံးပြုမရ၊ အခက်အခဲ ဖြစ်နေတဲ့ tablet တွေကို pattern lock ပြန်ဖြေပေးနိုင်မယ့် tool လည်းပါဝင်ပါတယ်။

Saturday, November 10, 2012

BIGASOFT Total Video Converter

ကျွန်တော့်နယ်က သူငယ်ချင်းတစ်ယောက်တောင်းလို့ ပါ.
VOB တွေကို MP4 ပြောင်းချင်လို့ပါတဲ့။သူက video file တွေကို ဖြတ်လို့လည်းရပါတယ်။တခြား format တွေကိုပြောင်းလို့လည်းရတယ်။
အရမ်းကိုအဆင်ပြေတဲ့ software လေးပါ။