menu

Sunday, July 15, 2012

online ပေါ်က ကဗျာလေးတစ်ပုဒ်ပါ

လူတစ်ယောက်ရဲ့ ခံစားချက်လည်းဖြစ်ရင်ဖြစ်မယ်....
နှလုံးသွေးလည်း ဖြစ်ကောင်းဖြစ်မယ်.....
ကဗျာလေးကို နှစ်သက်လို့ ကိုမင်းနေရဲ့ site လေးကနေ ပြန်လည် ကူးယူလိုက်တာပါ...
ကိုမင်းနေ ကျေနပ်မယ်ထင်ပါတယ်....

ချစ်ရပါသော ၀ါဆို

ချစ်သောဝါဆို
.. ဟိုအရင်လို မိုးညိုတိုင်း
... ရင်ခွင်ရိုင်းနဲ့မိတ်ဆက်
.... အမေ့ခက်တဲ့အတိတ်တွေက
..... ဒီမျက်နှာပြင် နှလုံးသားဆီမှာ
...... တိုးတိတ်စွာ စီးဆင်းစဲ

ယနေ့ထိချစ်မြဲ
သွေးထိစီးဆင်းခဲ့လို့
မင်းမျက်နှာမြင် ကမ္ဘာကပင် ပိုလှခဲ့သလို

မိုးရွာရင်
.. ၀ါဆိုဦးက နွယ်ခက်လို ရစ်ပတ်ချည်
... ထိ သိ သတိ မကပ်
.... အဆင်း အသံ အနံ့ မှာ ပျော်ဝင်
..... ငရဲမှာ လူဖြစ်ရင်တောင် ငါ ... ပျော်မည်ထင်ရဲ့ .......

No comments: