menu

Friday, September 14, 2012

ကဗျာ


ရောဂါ

တိတ်တိတ် ကလေး နေနေတာပါပဲ
ဒါပေမယ့် ရင်ဘတ်ထဲတော့ သံစုံတီးဝိုင်းတွေဖွဲ့လို့
ငြီးချင်းတွေ ချမနေတော့ပါဘူး
အားနာစရာလည်းကောင်းလှပြီ
ဖတ်ဖူးတဲ့ ကဗျာ တစ်ကြောင်းကို အရွဲ့တိုက်လို့
သောကနဲ့ တစ်ခါကြုံတိုင်း ကျနော်ကတော့ ချစ်သူပါးကလေး တစ်ချက်တော့နမ်းချင်မိတယ်။
မဖြူတော့တာလည်း သိပါရဲ့ 
ကိုယ့်ကိုယ်ကို အရောင်တွေ ထပ် ထပ် ဆိုးမိတာတော့
မိုက်မဲရာ ကျတာပေါ့ဗျာ
လှမ်းပြီးသားခြေလှမ်းတွေကတော့ ပြန်ဆုတ်ရ ခက်သားလား
အဲ့တာကြောင့် မထူးဇတ်တွေ ခင်းခင်းလာတာ ထူးဆန်းတာတွေကြီးဖြစ်နေတော့တယ်
အခုဆို လိမ်တတ် ညာတတ် ချေးငှားတတ်နေပြီ 
အကြွေးတွေလည်းတက်နေပြီ
အမေကတော့ ပြောဖူးတယ် “ ကျဲပြီးသားဆန်ကို တစ်စေ့ချင်း ပြန်မကောက်မိစေနဲ့” တဲ့
ကျနော့်တော့ မှားမှန်းသိသားနဲ့ ကျဲချလိုက်တဲ့ အမှားတွေကို တစ်စေ့ချင်း လိုက်ခြေဖျက်မိနေရဲ့
ညည ဆို ကျနော် အိပ်နေလျှက်နဲ့ နိုးနိုးနေတယ် 
အဲ့တာ ရောဂါပဲ ။

No comments: