menu

Tuesday, September 25, 2012

ကဗျာ(ခေါင်းစဉ်မဟုတ်ပါ)



သူငယ်ချင်းရေ.....
နေကောင်းရဲ့လား?
ငါကတော့ ခနခန ဗိုက်မအောင့်တတ်တော့ဘူးကွာ.....
ဒါပေမယ့် ဒဏ်ရာမပေါ်ပဲ ဆေးကုနေရတုန်းပေါ့။

ငါကိုယ်တိုင်က အသိခေါက်ခက် အ၀င်နက်
ပိုးဖလံမျိုး မီးကိုတိုးလို့ပြောပြော
ပိတ်ထားတဲ့ တံခါးတွေချည်း လိုက်ခေါက်နေမိတော့တယ်။
တချို့တွေကျ
ပွဲသိမ်းခရာမှုတ်ထားတာတောင်
အားနည်းချက်ကို တစ်ခါတော့ ထိုးသွားကြတာချည်းပါပဲကွာ။

ငယ်ငယ်တုန်းက မိုးပျံပူဖောင်းတွေ လွှတ်
အဝေးတစ်နေရာက အမေတစ်ယောက် မြင်စေချင်မိတာ....
တကယ်တော့ တိမ်တိုက်ထဲမှာပဲ အရာအားလုံးပျောက်ဆုံးခဲ့ရတယ် သူငယ်ချင်းရေ။

ဗေဒါတွေလို ရေစီးသယ်ရာပေါ့
နေ၀င်လည်း ကမ်းကပ်လို့မှမရတာ
ဒီတော့ မျှော်လင့်ချက်တွေထဲမှာ ရလိုမှုတွေကိုရွေးပြီး
သင်္ဂြီုဟ် ထားလိုက်ရတယ်။

ထားလိုက်ပါတော့ကွာ.....
အရင်ကလို အသိုက်အမြုံလေးတစ်ခုကို
ငါတောင့်တနေရတုန်းပဲ သူငယ်ချင်းရေ.....

                                                                            မေနိုင်း

No comments: