menu

Saturday, April 6, 2013

Huawei Y300C Root and CWM Recovery






ကဲ...Huawei Y300C ကို ပြည့်ပြည့်စုံစုံလေး Root လုပ်တဲ့ နည်းကို ဖော်ပြပေးလိုက်ပါတယ်။ သေချာစမ်းသပ်ထားပြီးသားမို့ သူငယ်ချင်းတို့လည်း စိတ်ချလက်ချ သုံးနိုင်မှာပါ။

အဆင့်သုံးဆင့်ရှိပါတယ်။
1. bootloader unlock လုပ်ခြင်း
2. CWM Recovery သွင်းခြင်း
3. Recovery mode မှ root လုပ်ခြင်း




1. bootloader unlock လုပ်ခြင်း
ကျွန်တော်တို့ အရင်ဆုံး bootloader unlock ရဖို့တော့ အရေးကြီးတယ်နော်။ မိမိဖုန်းက

1. MEID: ဥပမာ A00000xxxxxxxx    (ဖုန်းဘက်ထရီအောက်မှာရှိပါတယ်)
2.S\N : ဥပမာ E8B9MCxxxxxxxxxx     (ဖုန်းဘက်ထရီအောက်မှာရှိပါတယ်)
3. Product ID :  ဥပမာ 4578xxxx       (ဖုန်းခေါ်သောနေရာတွင် *#*#1357946#*#* ဟုရိုက်ပါ။ပေါ်လာသော ဂဏန်း 8 လုံးသည် product ID ဖြစ်သည်)

တို့ကို မှတ်ထားပါ။အောက်ကလင့်မှာ ပုံထဲကပြထားတဲ့အတိုင်း လိုအပ်တာတွေဖြည့်ပါ။


http://www.huaweidevice.com/cn/servicePolicy.do?method=toApplyUnlock





 ကဲဒါဆိုရင် unlock code ရဖို့အတွက် လိုအပ်တာတွေပို့ပေးပြီးပါပြီ။ ၂ ရက် ၃ ရက်စောင့်ရင် unlock code ပြန်လာပါလိမ့်မယ်။

unlock code ပြန်လာရင်တော့ အောက်က tool လေးကို download ဆွဲပြီးဖွင့်လိုက်ပါ။


ဖုန်းရဲ့ USB Debugging ကို on ထားပါ။ ဖုန်းကို ပါဝါပိတ်ပါ။ volume - နဲ့ power ခလုတ်ကိုတွဲနှိပ်ပြီး ဖုန်းကိုဖွင့်ပါ။ ဖုန်းကို ကွန်ပျူတာမှာ usb ကြိုးနဲ့ချိတ်ပါ။
အောက်ကပုံထဲကအတိုင်း မေးလ်ထဲကို ပြန်ရောက်လာတဲ့ unlock code 16 လုံးကို ရိုက်ပြီး enter နှစ်ချက်ခေါက်လိုက်ပါ။ဖုန်းက restart ကျပြီးပြန်တက်လာပါလိမ့်မယ်။ကဲဒါဆိုရင်တော့...ပထမအဆင့် bootloader unlock လုပ်ခြင်းပြီးပါပြီ။



2. CWM Recovery သွင်းခြင်း

အရင်ဆုံး ဖုန်းမှာ usb debugging ကို on ထားလိုက်ပါ။ပြီးရင် အောက်က tool လေးကို download ဆွဲပါ။




ပြီးရင်ဖွင့်လိုက်ပါ။
ဖုန်းကိုပါဝါပိတ်ပါ။ volume - နဲ့ power ခလုတ်ကိုတွဲနှိပ်ပြီး ဖုန်းကိုဖွင့်ပါ။ 
အောက်ကပုံထဲကအတိုင်း Bootloader Recovery ကိုနှိပ်ပါ။ခနစောင့်ပါ။ ဖုန်းက restart ကျသွားပါလိမ့်မယ်။ဒါဆိုရင် CWM Recovery သွင်းခြင်းပြီးပါပြီ။






3. Recovery mode မှ root လုပ်ခြင်း

အောက်ကဖိုင်လေးကို ဒေါင်းပြီး ဖုန်း ရဲ့ sd card ထဲကိုကူးထည့်ပါ။(zip file ကိုဖြည်စရာမလိုပါ)



ဖုန်းကို ပါဝါပိတ်ပါ။ volume + နဲ့ power ခလုတ်နှစ်ခုကို တွဲနှပ်ပြီး ဖုန်းကို recovery mode ထဲကိုဝင်ပါ။
volume - , + ခလုတ်တွေနဲ့ ဒုတိယ စာကြောင်းကိုရွေးပြီး power ခလုတ်ကိုတစ်ချက်နှိပ်ပါ။
ထပ်ပြီး ၄ ကြောင်းမြောက် စာကြောင်းကို သွားပြီး power တစ်ချက်နှိပ်ပါ။
y300c root file ကိုရွေးပြီး power ခလုတ်ကိုတစ်ချက်နှိပ်ပါ။ ပြီးရင်တော့ လာရာလမ်းအတိုင်းပြန်သွားပြီးဖုန်းကို restart ချလိုက်ပါ။

ပြန်တက်လာရင်တော့ superuser ပါတဲ့ root access ရရှိတဲ့ဖုန်းလေးကိုပိုင်ဆိုင်ပြီပေါ့ဗျာ။

credit ပေးထိုက်သူများအားလုံးနဲ့ chinese website များကို credit ပေးပါတယ်။

အားလုံးပဲအဆင်ပြေပါစေခင်ဗျာ။
ကျွန်တော်ပီတိတစ်ခုပဲရပါတယ်။
မြန်အောင်သားဖြိုးကြီး


13 comments:

Unknown said...

thank you brother.

Than Kyaw Oo said...

Thank brother , god bless you...

Unknown said...

ကျေးဇူးပါ။

Htet Aung said...

Unlock code တောင်းတာ အစ်ကိုပြောသလိုလုပ်တာပဲ wrong information ပဲလာပြနေတယ် ကျနော်ရိုက်တာများမှားသလားလို့ သေချာ ပြန်ကြည့်တော့လည်း အကုန်လုံးကမှန်နေတာပဲ အထပ်ထပ်အခါခါစမ်းလည်း မရဘူးဘယ်လိုလုပ်ရမလဲ တခြားနည်းလေးများရှိရင် ထပ်ပြောပါဦး။ ကျေးဇူးပါ

Anonymous said...

CWM Recovery သွင်းတာ မအောင်မြင်ဘူးအကိုရေ.....ဘာနဲ့ထပ်လုပ်လို့ရအုံးမလဲ....မြန်မြန်လေးအကြောင်းပြန်စေလိုပါတယ်...

kmt said...

တောင်းထားတယ်ဗျို
unlock code တရုတ် ဆိုက်ကနေ y300cအတွက်

Anonymous said...

ကျေးဇူးတင်ပါတယ်အစ်ကို
အသစ်အသစ်ထွက်လာတဲ့
model တွေကိုတတ်နိုင်သလောက်
ပညာပေးစေလိုပါတယ်။
ကျေးဇူးတင်စွာဖြင့်

budya said...

can anyone help me please, most of the word in my computer it only shows square box. thanks

myogyi said...

V Root 1.4 နဲ့ root တာ OK တယ် ကျနော်စမ်းပြီးပြီ error ကင်းတယ်

myogyi said...

V root နဲ့အဆင်ပြေတယ် ONe Key လေးတော့ ဆွဲသွားပြီ CWM သွင်းချင်လို့ ကျေးဇူးအထူးးးးးးးး

Unknown said...

အထက်​က ကိုထက်​​အောင်​​ပြောသလိုပဲ..ကျွန်​​တော်​လဲ..အားလုံးမှန်​​အောင်​ဖြည့်​​ပေးတာကို ..အီး​မေးထဲမှာ..Wrong information ဆိုပြီး unlock code ရှာမရပါဆိုပြီး..ပြန်​ပို့တယ်​..ကျွန်​​တော်​က​တော့ မမှားဘူး..​သေချာတယ်​..

Unknown said...

S/N နဲ့ MEID ကဘာလဲအကို​ရေရှင်းပြ​ပေးပါဦး​နော်

Unknown said...

Huawei unlock.exe က​ဒေါင်းလို့မရဘူး