ဒီပို့စ်လေးက MMSD ရဲ့ ညီငယ် ဖြိုးချမ်းရေးထားတာပါ။ ကျွန်တော်က လိုပါတယ်ပြောတော့ သူကချက်ချင်း ကြိုးစားပေးပါတယ်။ ကျွန်တော့်အတွက်လည်း လိုအပ်ပါတယ်။ လိုအပ်တဲ့ သူငယ်ချင်းတွေလည်း အဆင်ပြေအောင်ပြန်လည်ဝေမျှလိုက်ပါတယ်။ ကိုဖြိုးချမ်းကိုလည်း ကျေးဇူးတင်ပါကြောင်းနှင့် ဒီထက်ပိုမိုများပြားတဲ့ အောင်မြင်မှုတွေရရှိပါစေလို့.......
မူရင်းလင့်က ပို့စ်လေးအတိုင်းဖော်ပြပေးလိုက်ပါတယ်။
****
ဒီ Tool လေးကတော့ C8813D နဲ့ Y300C တို့အတွက်သီးသန့်လုပ်ထားတဲ့ Root Tool လေးဖြစ်ပါတယ်….
လိုအပ်ချက်ကတော့ Bootloader Unlock အနေအထားမှာဖြစ်နေရပါမယ်…..
USB Debugging နဲ့ Unknown Sources ကိုအမှန်ခြစ်ထားရပါမယ်…….
ဒီ Tool ရဲ့အားသာချက်ကတော့ မိမိဖုန်းဟာ တစ်ခါထဲ Root Access ရသွားမယ်….
တရုတ်ဖောင့်တွေကိုမပြတ်ပဲမြန်မာစာကိုအသုံးပြုနိုင်မယ်.
Frozen KeyBoard ကို System App တစ်ခုလိုအသုံးပြုရပါမယ်…
မြန်မာ Font Developer နဲ့ Frozen Developer တွေကို Credit ပေးပါတယ်.
ဒါလေးကိုအရင်ဒေါင်းလိုက်ပါ..
Download Here
ပြီးသွားရင်တော့ဖုန်းကိုပါဝါပိတ်လိုက်ပါ..
Battery ဖြုတ်လိုက်ပါ..
ပြန်တက်ပြီး Volume Down + Power ကိုဖိနှိပ်ထားပါ….
Logo မှာရပ်သွားပါလိမ့်မယ်..
ပီးသွားရင်တော့ Unlock မလုပ်ကသေးတဲ့သူက Unlock ကိုနှိပ်ပြီး Code ၁၆လုံးရိုက်လိုက်ပါ….
Unlock လုပ်ပြီးသားလူကတော့ ဖုန်းကိုရွေးချယ်လိုက်ပါ။
ဖုန်းနဲ့ကြိုးထိုးလိုက်ပါ….
Enter တစ်ချက်ခေါက်လိုက်ပါ…..
သူဟာသူအလုပ်တွေလုပ်နေပါလိမ့်မယ်….
ဖုန်းဟာ Recovery Mode ကိုပြန်တက်သွားလိမ့်မယ်…..
Enter တစ်ချက်ခေါက်လိုက်ပါ…
Reboot ချသွားမယ်…ပြန်တက်လာရင်ကြည့်လိုက်ပါ…
ညွန်းထားတဲ့အတိုင်းတွေရပါလိမ့်မယ်….
အဆင်ပြေပါစေ..
ဖြိုးချမ်း
***
မူရင်းလင့် ကဒီမှာပါ။
အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။
ကျွန်တော်ပီတိတစ်ခုပဲရပါတယ်။
မြန်အောင်သားဖြိုးကြီး
No comments:
Post a Comment