menu

Thursday, March 14, 2013

လင့်အပျက်များအတွက် တောင်းပန်အပ်ပါသည်ခင်ဗျား

ကျွန်တော့် mediafire အကောင့် အဖျက်ခံလိုက်ရတဲ့အတွက် ပထမကျွန်တော်တင်ထားတဲ့ link တော်တော်များများ ပါသွားပါတယ်။ ကျွန်တော်လည်း အဆင်ပြေနိုင်အောင်ကြိုးစားပြီး ရသလောက်တော့ ပြန်တင်ပေးထားပါတယ်။ အားလုံးလည်းကူညီပြီး ကျွန်တော်လိုအပ်တာမှန်သမျှ ပြောပေးကြပါ။ ဒီရက်ပိုင်း ခရီးထွက်နေရတော့ ကျွန်တော့်ဘလော့ လေးကိုလည်း သိပ်ပြီး မပြုပြင်နိုင်ဘူးဖြစ်နေပါတယ်။ ကျွန်တော်ကြိုးစားပါဦးမယ်။ ကျွန်တော်ဒီဘလော့ ကို တင်ထားတာ ကျွန်တော်ကြုံရသမျှ အခက်အခဲတွေ ပြေလည်သွားတဲ့အချိန် ကျွန်တော့် သူငယ်ချင်းတွေလည်း လွယ်ကူစွာ ရှာဖွေဖြေရှင်းနိုင်အောင်ရည်ရွယ်ပါတယ်။ ကျွန်တော်ဘာမှမရပါဘူး။ သူငယ်ချင်း တို့ပေးထားခဲ့တဲ့ commentလေးတွေရယ် pageviews လေးတွေရယ်ကနောက်ထပ် ပို့စ်တွေကို အသက်ဆက်နိုင်မယ့် အားဆေးလေးတွေပါ။ အခုလို cbox နဲ့ comment တွေမှာ အကြံပေးသွားတဲ့အားလုံးကို ရင်ထဲက တကယ်ပဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။


အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။
ကျွန်တော်ပီတိတစ်ခုပဲရပါတယ်။
မြန်အောင်သားဖြိုးကြီး

1 comment:

Nyanlin said...

အကိုမြန်အောင်သားရေ၊ တစ်ခုလောက်ကူညီပါဦး၊ viewsonic (viewpad 10 pro) ကို root လုပ်လို့ရတဲ့ နည်းလမ်းလေးသိပါလားအကို၊ ကျတော်က မြန်မာဖောင့်မမြင်ရလို့ပါ၊