menu

Friday, March 15, 2013

Onda V812 Core 4(Jelly Bean 4.1.1)ကို Root လုပ်ခြင်း

Onda Tablet အကုန်လုံးနီးပါးက သူစလာတဲ့အချိန်ကစပြီး root access ရပြီးသားတွေပါ။ superuser မပါတာကလွဲရင် root လုပ်ပြီးသားပေါ့။ အခုနောက်ပိုင်း Jelly Bean နဲ့ ၀င်လာတဲ့ Onda V972 နဲ့ V812 တွေကတော့ ကိုယ်တိုင်ပဲ Root လုပ်ရပါတော့မယ်။ အားလုံးအတွက် ရှာရဖွေရ အဆင်ပြေအောင် ကျွန်တော်တင်ပေးလိုက်ပါတယ်။ လုပ်တဲ့ ပုံစံ ကလည်း မခက်ပါဘူး။ လွယ်ပါတယ်။

အောက်မှာ ကြည့်ပါခင်ဗျာ။



လိုအပ်တာလေးအရင်ဒေါင်းလိုက်ပါ။


1. download လုပ်လို့ပြီးရင်တော့ ရလာတဲ့ zip file လေးကို tablet ရဲ့storage ထဲကို ကူးထည့်လိုက်ပါ။(zip file ကို Extract လုပ်စရာမလိုပါ)

2. အောက်ကပုံလေးထဲကအတိုင်း tablet မှာ ပါတဲ့ update ဆိုတာကို ဖွင့်လိုက်ပါ။





3. အောက်ကပုံအတိုင်း local update ကိုရွေးပါ။





4. အောက်ကပုံအတိုင်း Onda_Allwinner_A31_root_v1_0.zip ကိုရွေးပါ။






tablet က restart ကျပြီးသွားရင်တော့ superuser ပေါ်လာပြီး root access ရပါပြီခင်ဗျာ။

Credit to:: arctablet.com


အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။
ကျွန်တော်ပီတိတစ်ခုပဲရပါတယ်။
မြန်အောင်သားဖြိုးကြီး

No comments: