menu

Wednesday, January 16, 2013

Android အကြောင်းစမ်မိစပ်ရာ






ကျွန်တော်ဒီပို့စ်ကို စပ်မိစပ်ရာ ရေးသားခြင်းဖြစ်ပါတယ်။ သိပြီးသော အစ်ကိုအမတို့အတွက်မရည်ရွယ်ပါဘူး။ မသိသေးသော သူများအတွက်ရည်ရွယ်ရေးသားခြင်းဖြစ်ပါတယ်။ Android Version တွေအကြောင်းပါခင်ဗျာ။ အောက်မှာ ဆက်ဖတ်ပါ။





Android သမိုင်းနှင့် သိထားသင့်သော version များ

ကျွန်တော်တို့တွေ အခုအချိန်မှာ ရေပန်းတစားနဲ့ သုံးနေတဲ့ Android ဟာဆိုရင် version အနေနဲ့ ပြောရမယ်ဆိုရင် ယနေ့ စာရေးနေတဲ့အချိန်အထိ Jelly Bean 4.2 အထိ ရောက်ရှိလာခဲ့ပါပြီ။ ဒါပေမယ့် Android Version ဘယ်ကစသလဲ၊ ဘယ်အချိန်မှာ Android OS စတင်ပေါ်လာသလဲလို့မေးကြရင် ဖြေဖို့တော့နည်းနည်းအခက်အခဲ ရှိနေကြပါတယ်။ Android ဆိုတာ တကယ်တော့ ကမ္ဘာကျော် Google နဲ့ OHA company တို့ ပူးပေါင်းရေးသားထားတဲ့ Open Source ၀င်းဒိုး တစ်ခုဖြစ်ပါတယ်။  Open Source ၀င်းဒိုး ဆိုတာ handset နဲ့ tablet device တွေကို ထုတ်လုပ်တဲ့ ကုမဏီ က မိမိလိုသလို ပြန်လည်ပြုပြင်မွမ်းမံ နိုင်တဲ့ ၀င်းဒိုးဖြစ်ပါတယ်။ ဥပမာ- Samsung ပဲထားပါတော့။ သူထုတ်လုပ်လိုက်တဲ့ handset တစ်ခုကို windows တက်လာရင် Samsung လို့ပေါ်လာတာ Samsung က ပြန်လည်မွမ်းမံ ထားတာဖြစ်ပါတယ်။ အတတ်နိုင်ဆုံးစာဖတ်သူ နားလည်နိုင်တဲ့ ဥပမာပေးခြင်းဖြစ်ပါတယ်။

Android 1.0
Android ရဲ့ ပထမဆုံး version ဖြစ်တဲ့ version 1.0 ကို 2008 ခုနှစ် September 23 ရက်မှာ Google နဲ့ OHA(Open Handset Alliance) ပူးပေါင်းပြီး စတင်ပွဲထုတ်ခဲ့ကြပါတယ်။ ဒီ Android 1.0 ကို HTC ကုမဏီ က ပထမဆုံးအနေနဲ့ စတင်သုံးစွဲ ခဲ့ပြီးတော့ သူတို့ရဲ့ HTC Dream ဆိုတဲ့ 3.2 inches ရှိတဲ့ GSM Handset လေးမှာ စတင်သုံးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Android ကို စတင်သုံးခဲ့တဲ့ ကုမဏီ ဟာ ဘယ်ဟာလဲလို့ မေးရင် HTC လို့ပဲပြောရမှာပါ။

Android 1.1
2009 ခုနှစ် ဖေဖော်ဝါရီ 9 ရက်မှာ Google ဟာ Android version 1.1 ကို HTC Dream အတွက်ရည်ရွယ်ပြီးတော့ ထပ်မံရေးသားထုတ်လုပ်ခဲ့ပါတယ်။

Android 1.5- “Cupcake”
2009 ခုနှစ် ဧပြီလ 30 ရက်မှာ Google ဟာ သစ်သီးတွေနာမည်နဲ့ သူ့ရဲ့ Android Version ကို စတင် ပွဲထုတ်ပါတော့တယ်။ Android 1.5 ကို “Cupcake” လို့ နာမည်ပေးခဲ့ပါတယ်။

Android 1.6 “Donut”
2009 ခုနှစ်စက်တင်ဘာ 15 ရက်မှာတော့ Google ဟာ “Donut” ဆိုတဲ့ နာမည်နဲ့ Android Version 1.6 ကိုထပ်မံ ပြီးရေးသားခဲ့ပြန်ပါတယ်။

Android 2.0 “Éclair”
2009 ခုနှစ် အောက်တိုဘာ 26 မှာ Android 2.0 Éclair ကိုဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။ Éclair မှာ တော့ 2.0 Éclair , 2.0.1 Éclair နဲ့ 2.1 Éclair ဆိုပြီး သုံးမျိုးတောင်ထွက်ခဲ့ပါတယ်။

Android 2.2 “Froyo”
2010 ခုနှစ် မေလ 20 ရက်မှာ Android 2.2 “Froyo” ဟာထွက်ရှိလာခဲ့ပါတယ်။ “Froyo” လို့ခေါ်တာ frozen yogurt(အေးခဲနေသော ဒိန်ချဉ်) ရဲ့ ရှေ့စာလုံးလေးတွေကို ပေါင်းစပ်ပြီး ခပ်လှလှနာမည်လေးတစ်ခုအဖြစ်ပေးထားတာပါ။ Froyo ရဲ့ နောက်ဆက်တွဲ version တွေဖြစ်တဲ့ 2.2.1 နဲ့ 2.2.2 ဟာ 2011 ခုနှစ် ဇန်န၀ါရီလ မှာ ဆက်လက်ထွက်ရှိခဲ့ပြီး 2.2.3 ကတော့ 2011 ခုနှစ် နိုဝင်ဘာလမှာ ထွက်ခဲ့ပါတယ်။

Android 2.3.x “Gingerbread”
2.3.x နဲ့စတဲ့ Android Version မှန်သမျှကို “Gingerbread” လို့ခေါ်ပါတယ်။ “Gingerbread” မှာ 2.3 ကနေ 2.3.7 အထိရှိပါတယ်။ အဲဒီ version တွေခဲ့တဲ့ အချိန်ကို အောက်မှာကျွန်တော်ရေးပေးထားပါတယ်။
2.3     -         6 December 2010
2.3.1   -         December 2010
2.3.2   -         January 2011
2.3.3   -         9 february 2011
2.3.4   -         28 april 2011
2.3.5   -         25 july 2011
2.3.6   -         2 September 2011
2.3.7   -         21 September 2011

Android 3.0 “Honeycomb”
ပျားသလက်လို့ အဓိပါယ်ရတဲ့ Android 3.0 “Honeycomb” ကို 2011ခုနှစ် ဖေဖော်ဝါရီလ 22 ရက်မှာ Tablet တွေအတွက်ပဲ သီးသန့် ရည်ရွယ်ပြီး Google က ရေးသားထုတ်ဝေပေးခဲ့ပါတယ်။  ဒါကြောင့် honeycomb 3.0 ကို ဘယ် handset ဘယ်ဖုန်း အမျိုးအစားမှာမှ တွေ့ရမှာမဟုတ်ပါဘူး။ 2011 ခုနှစ် ဖေဖော်ဝါရီ 24 ရက်မှာ Android 3.0 Honeycomb ကို ပထမဆုံးအသုံးပြုထားတဲ့ Motorola Xoom Tablet ကို Motorola ကုမဏီ က ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ Honeycomb ရဲ့နောက်ဆက်တွဲ version တွေဖြစ်တဲ့ Android 3.1 ကို 2011 ခုနှစ် မေလ 10 ရက်နဲ့ Android 3.2 ကို 2011 ခုနှစ် ဇူလိုင် 15 ရက်မှာ Google က ရေးသားခဲ့ပါသေးတယ်။

Android 4.0 “Ice Cream Sandwich”
“ရေခဲအသားညှပ်ပေါင်မုန့််” လို့ အမည်ရတဲ့ Ice Cream Sanwich(ICS) ဟာ 2011 ခုနှစ်အောက်တိုဘာလ 19 ရက်မှာ ထွက်ရှိလာခဲ့ပါတယ်။ ICS မှာ 4.0, 4.0.1, 4.0.2, 4.0.3, 4.0.4 ဆိုပြီး ရှိပါတယ်။ ယနေ့ စာရေးပြီးတဲ့အချိန်အထိ mobile လောကရဲ့ တော်တော်များများ android တွေဟာ ICS ကို သုံးစွဲနေကြတုန်းပါပဲ။

Android 4.1 “Jelly Bean”
မြန်မာလို “ကျောက်ကျောပဲစေ့” လို့ အဓိပါယ်ရတဲ့ Jelly Bean 4.1 ကတော့ 2012 ခုနှစ် ဇူလိုင်လ 9 ရက်နေ့မှာ ထွက်ရှိလာတာပါ။ အခုအချိန်တော့ တချို့ mobile တွေမှာ သုံးနေကြသလို တချို့လည်း မသုံးနိုင်ကြသေးပါဘူး။ 4.1 Jelly Bean ရဲ့ နောက်ဆက်တွဲတွေကတော့ 4.1.1 နဲ့ 4.1.2 ပါ။

Android 4.2 “Jelly Bean”
ယခု စာရေးပြီးချိန်အထိ Android 4.2 Jelly Bean ကတော့ Android တွေအတွက်နောက်ဆုံးထွက် version ပါ။ သူ့နောက်ထွက် Android version မရှိသေးပါဘူး။ 4.2 Jelly Bean နဲ့ 4.2.1 Jelly Bean ဆိုပြီး နှစ်မျိုးထွက်ပါတယ်။

ကဲ…ဒါဆိုရင်တော့ စာဖတ်သူတို့ Android Version တွေကို တီးမိခေါက်မိသလောက် ရှိပါပြီနော်။ သူတို့ တွေရဲ့ အလုပ်လုပ်ပုံနဲ့ အားသာချက်အားနည်းချက်တွေကို စာများမှာစိုးလို့ နောက်မှပဲ အလျင်းသင့်သလို ရေးပေးပါမယ်ခင်ဗျာ။

အားလုံးပဲအဆင်ပြေအောင်ကြိုးစားနိုင်ကြပါစေ။
ကျွန်တော်ပီတိတစ်ခုပဲရပါတယ်။
မြန်အောင်သားဖြိုးကြီး






No comments: