menu

Tuesday, January 22, 2013

Sony Xperia Neo L MT25i 4.0.4 ကို Root လုပ်ခြင်း



sony xperia neo l ကို root လုပ်တာလေးကျွန်တော်တင်ပေးလိုက်ပါတယ်။ ကျွန်တော့် ဘလော့မှာ တင်သမျှ ကျွန်တော်ကိုယ်တိုင်သေချာစမ်း သပ်ထားပြီးသားတွေချည်းပါ။ အဆင်ပြေနိုင်တာတွေပဲတင်ပေးပါတယ်။
ဟောဒီ sony xperia neo l ကို root လုပ်တာလည်းကျွန်တော်ကိုယ်တိုင်၅လုံးလောက်ကို
သေချာစမ်းသပ်ထားပြီးမှ တင်တာပါ။

sony xperia neo l ကို root လုပ်မယ်ဆိုရင် အပိုင်းသုံးပိုင်း ခွဲပြီး ကျွန်တော်ပြောချင်ပါတယ်။ သူက kernel version ကိုပြောင်းပြီး root လုပ်တဲ့နည်းလေးမို့လို့ပါ။ ဒီအတိုင်းစာဖတ်သူတွေ ဖတ်ရင် စာတွေအရမ်းများတယ်ထင်ရတော့ ရှုပ်တယ်ထင်မှာစိုးလို့ပါ။တကယ်တော့ လုပ်ပုံကိုသေချာသိသွားရင် လွယ်ပါတယ်။ဒါကြောင့် အပိုင်း သုံးပိုင်း ကျွန်တော်ခွဲလိုက်ပါတယ်။



အပိုင်း(၁) kernel version ကို MT11i_4.1.A.0.562 သို့ပြောင်းမယ်။
အပိုင်း(၂) root လုပ်မယ်။
အပိုင်း(၃) kernel version ကို MT25i_4.1.B.0.626 သို့ပြန်ပြောင်းပါမယ်။

ပထမဆုံးဖုန်းမှာ Settings>Xperia>Connectivity>USB connection mode>msc mode ကိုပြောင်းပေးပါ။
ဒုတိယအနေနဲ့ ဖုန်းမှာပဲ Settings>Security>Unknown soure ကို check box မှာ on ပေးပါ။Setting>Developer options>USB debugging ကို on ထားဖို့လည်းမမေ့နဲ့နော်။

လိုအပ်တဲ့ ဖိုင်  တွေကို ဒေါင်းလုပ်ဆွဲပါ။

(1) Download flashtool-0.9.10.1-windows_2.exe

(2) Download MT11i_4.1.A.0.562_kernel.ftf

(3) Download MT25i_4.1.B.0.626_KERNEL ONLY_bywewenk.ftf

(4) Download ggsetup-2.2.0.10.exe

(5) Download ShuameSetup_1.0.9_general by myanaungtharr.rar




အပိုင်း(၁) kernel version ကို MT11i_4.1.A.0.562 သို့ပြောင်းမယ်။

1. Flash Tool ကို ကွန်ပျူတာမှာ Install လုပ်ပါ။ ပြီးရင်တော့ ဒေါင်းလုပ်ဆွဲထားတဲ့ MT11i_4.1.A.0.562_kernel.ftf နဲ့
MT25i_4.1.B.0.626_KERNEL ONLY_bywewenk.ftf ကို C:/FlashTool/Firmwares ထဲသို့ ကူးထည့်လိုက်ပါ။

2.C:/Flash Tool/Flash Tool.exe ကို right click နှိပ်ပြီး Run as administrator ဆိုပြီး run လိုက်ပါ။ ပုံထဲက ပြထားတာတွေအတိုင်းအဆင့်ဆင့်လုပ်သွားလိုက်ပါ။






3. ဖုန်းကို ဘက်ထရီဖြုတ်ပြီးပြန်တပ်ပါ။ back ခလုတ်ကို ဖိထားပြီး ကွန်ပျူတာမှာ usb ကြိုးနဲ့ ချိတ်လိုက်ပါ။ ကွန်ပျူတာက device manager ကိုဖွင့်ထားပြီး driver မသိခဲ့ရင် download ဆွဲထားတဲ့ ggsetup-2.2.0.10.exe ကို run ပေးလိုက်ပါ။အောက်ကပုံလေးတွေဆက်ကြည့်ပါ။




ကဲ... ဒါဆိုရင် kernel version ကို MT11i_4.1.A.0.562 သို့ ပြောင်းခြင်းပြီးပါပြီ။

အပိုင်း(၂) root လုပ်မယ်။

1. ဒေါင်းလုပ်ဆွဲထားတဲ့ ShuameSetup_1.0.9_general by myanaungtharr.rar ကို ကွန်ပျူတာမှာ install လုပ်ပါ။ install လုပ်ပြီးရင်ဖွင့်ထားလိုက်ပါ။

2. ဖုန်းကို usb ကြိုးဖြုတ်လိုက်ပါ။ သေချာအောင် ဘက်ထရီကိုထပ်ဖြုတ်လိုက်ပါ။ ပြီးရင် ပါဝါဖွင့်လိုက်ပါ။ဖုန်း screen မှာ ဘာမှ ပေါ်လာမှာမဟုတ်တော့ပါဘူး။(ဘာဖြစ်လို့လဲဆိုတော့ kernelversion ပြောင်းလိုက်လို့ပါ)
ဒါပေမယ့် vibrate တော့ တစ်ချက်ဖြစ်သွားပါမယ်။
vibrate ဖြစ်မှ ဖုန်းကအလုပ်လုပ်မှာပါ။ကဲ...ဖုန်းကိုကွန်ပျူတာမှာ usb ကြိုးနဲ့ ချိတ်
လိုက်ပါ။အောက်က ပုံအတိုင်း ကွန်ပျူတာက shuame software က ဖုန်းကို ရှာနေပါတယ်။


3.ဖုန်းကို ကွန်ပျူတာက detect သိသွားရင်တော့အောက်ကပုံလေးအတိုင်းပြပါမယ်။ ပုံမှာ ပြထားတဲ့ အဆင့်ဆင့် root လုပ်လိုက်ပါခင်ဗျာ။





ကဲ...ဒါဆိုရင် root လုပ်ပြီးပါပြီ။ဒါပေမယ့် temporary root ပဲ ဖြစ်ပါသေးတယ်။ unlockroot 3.1 နဲ့ တခါတည်း ထပ်လုပ်လိုက်ပါ။ဒါဆို ok ပြီ။


အပိုင်း(၃) kernel version ကို MT25i_4.1.B.0.626 သို့ပြန်ပြောင်းပါမယ်။

နောက်ဆုံးအပိုင်းက ကျွန်တော်တို့ kernel ကို သူ့နဂို version ကို ပြန်ပြောင်းရပါမယ်။ မပြောင်းလို့လည်းမရဘူးလေ။ kernel versionပြောင်းထားတော့ ဖုန်းက ဘာမှကို ပေါ်မှမပေါ်တာကိုး။
သူက အပိုင်းတစ်မှာ လုပ်ခဲ့တာနဲ့ဘာမှ မကွာပါဘူး။
1. C:/Flash Tool/Flash Tool.exe ကို right click နှိပ်ပြီး Run as administrator ဆိုပြီး run လိုက်ပါ။ ပုံထဲက ပြထားတာတွေအတိုင်းအဆင့်ဆင့်လုပ်သွားလိုက်ပါ။





2.ဖုန်းကို ဘက်ထရီဖြုတ်ပြီးပြန်တပ်ပါ။ back ခလုတ်ကို ဖိထားပြီး ကွန်ပျူတာမှာ usb ကြိုးနဲ့ချိတ်လိုက်ပါ။
အောက်ကပုံလေးတွေဆက်ကြည့်ပါ။



ကဲ...kernel version နဂိုအတိုင်း ပြန်ပြောင်းပြီးသွားရင်တော့ ဖုန်းကိုusb ကြိုးဖြုတ်၊ ဘက်ထရီကိုခနဖြုတ်၊
 ပြန်တပ်ပြီး ပါဝါဖွင့်လိုက်ရင် root accessရပြီးသား sony xperia neo l လေးတစ်လုံးပိုင်ဆိုင်ပြီပေါ့ဗျာ။





အားလုံးပဲအဆင်ပြေအောင်ကြိုးစားနိုင်ကြပါစေဗျာ။
ကျွန်တော်ပီတိတစ်ခုပဲရပါတယ်။
မြန်အောင်သားဖြိုးကြီး

1 comment:

Anonymous said...

အကိုရေ camera မရဘူးအကိုရေတချက်လောက်ကူညီပါနော်