menu

Saturday, February 23, 2013

Huawei T8828 Root လုပ်နည်း

ကဲ...ကျွန်တော်တို့ တွေ root မရပါဘူး။ မြန်မာစာအဆင်မပြေပါဘူးဆိုတဲ့ huawei T8828 တော့ root ရပြီလို့ဆိုပါတယ်။ ကိုမင်းစိုးရာဇာ ရဲ့ ဆိုဒ်လေးမှာ တွေ့လို့ ကျွန်တော်ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်။ သူငယ်ချင်းတို့ စမ်းသပ်နိုင်အောင်ပါ။ ကျွန်တော်ကတော့ မစမ်းသပ်ရသေးပါဘူး။ အဆင်ပြေတယ်မပြေဘူးဆိုတာ comment ပေးခဲ့ပါ။ ကျေးဇူးတင်စရာရှိရင်တော့ ကိုမင်းစိုးရာဇာကိုကျေးဇူးတင်ကြပါခင်ဗျာ။



မူရင်းကအောက်မှာပါဗျာ။

Huawei T8828 ကို Root လုပ်ဖို့အတွက် Root လေးနှစ်ခုကိုတင်ပေးလိုက်ပါတယ်ဗျာနော်
လုပ်ရမှာတွေကိုလည်း ပုံလေးမှာရေးထားပါတယ် ဖတ်ကြည့်ပါနော်. Root လုပ်မယ်ဆိုရင် ဘယ်လိုလုပ်ရမယ်ဆိုတာကိုပြောပြထားတာပါ..သေချာဖက်ကြည့်ပါ..
တစ်ခုအဆင်မပြေရင်နောက်တစ်ခုနဲ့အဆင်ပြေအောင်လို့ပါ
လုပ်ရမှာကတော့ လွယ်ပါတယ်ထုံးစံအတိုင်းပေါ့.USB Debussing ရယ် Unknow Source ရယ်ကို
အမှန်ခြစ်လေးထည့်မယ်..Driver တင်မယ်..PC နဲ့တွဲမယ်...ပြီးရင် Run Me.bat ကို Runမယ်
Press any Key တောင်းနေတာလေးကို ကီးဘုတ်ကနေကြိုက်ရာတစ်ခုခုကိုနှိပ်ပေးလိုက်ပါဗျာ..
သူဘာသာသူအလုပ်လုပ်သွားပါလိမ့်မယ်ဗျာ...
Complete ဖြစ်လို့ပိတ်သွားပြီဆိုရင်တော့ ဖုန်းကို Pc နဲ့တွဲထားတာကိုဖြုတ်လိုက်ပါ ...ပြီးရင် Application တွေထဲမှာ super user ကိုရှာကြည့်ပါ.. မတွေ့ဘူးဆိုရင် ဖုန်းကို အရင်းဆုံး Power ပိတ်ပြီးတော VOL Up နဲ့ Power နဲ့ကို တွဲလို့ဘဲ ဖြစ်ဖြစ် one click Recover Mode ကိုသုံးလို့ဘဲဖြစ်ဖြစ်ပေါ့ ကြိုက်သလို Recover Mode ထဲကိုဝင်လိုက်ပါ....ရောက်ပြီဆိုရင်တော့ Reboot System Now နဲ့ပြန်တက်လိုက်ပါ ...အားလုံးအဆင်ပြေကြပါစေဗျာ.....

Huawei T8828 Root Download 

နောက်တနည်း

 HUAWEI T8828 ROOT လေးပါ

စမ်းကြည့်ပါဦး တင်ပေးလိုက်ပါတယ်

လိုချင်လား  ဒီမှာ ဒေါင်းပါ


အားလုံးပဲအဆင်ပြေအောင်ကြိုးစားနိုင်ကြပါစေခင်ဗျာ
ကျွန်တော်ပီတိတစ်ခုပဲရပါတယ်။
မြန်အောင်သားဖြိုးကြီး

2 comments:

Anonymous said...

အဆင်မပြေဘူးဗျာ

Unknown said...

ဟုတ်ပါတယ်။ကျွန်တော်ကိုယ်တိုင်နဂိုတည်းက စမ်းသပ်ဖို့ဆိုပြီးတင်ပေးထားတာပါခင်ဗျာ။ သူငယ်ချင်းတို့ကိုလည်းအဆင်ပြေမလားလို့ပါ။ ကျွန်တော့်မှာလည်း စမ်းသပ်စရာလုံးဝ မရှိလို့ မစမ်းသပ်မိတဲ့အတွက် တောင်းပန်ပါတယ်