menu

Sunday, January 20, 2013

HTC Wildfire S 2.3.x Gingerbread ကို အလွယ်ကူဆုံး Root လုပ်ခြင်း






HTC Wildfire S ကတော့ ပေါ်တာကြာပါပြီဗျာ။ လိုအပ်တဲ့ ညီငယ်လေးတွေအတွက် အလွယ်ကူဆုံးနည်းလေးတင်ပေးလိုက်ပါတယ်။ 2.3.x Ginerbread ကို root လုပ်နည်းလေးပါ။



လိုအပ်တဲ့ ဖိုင် 3 ခု ကို ဒေါင်းလုပ်ဆွဲရမယ်နော်။





Root လုပ်နည်း။

1. မိမိဖုန်း setting>application>development>usb debugging ရဲ့ check box ကို on ပေးထားပါ။

2. Setting>power>fastboot  ရှေ့က check box အမှန်ခြစ်ဖြုတ်ပေးပါ။

3. ဖုန်းကို ကွန်ပျူတာမှာ usb ကြိုးတပ်ပြီး ချိတ်ဆက်လိုက်ပါ။

4. download ဆွဲထားတဲ့ HTC Unlock by myanaungtharr.zip ကို extract လုပ်ပြီး အထဲက .exe file ကို run လိုက်ပါ။ အောက်ကပုံ ၁ ထဲကအတိုင်းပေါ်လာရင်တော့ ပုံတွေထဲက အတိုင်းအဆင့်ဆင့် ဆက်လုပ်သွားပါခင်ဗျာ။ လုပ်နေတုန်း ဖုန်းက restart ကျပါလိမ့်မယ်။ ဒါက unlock လုပ်တာပါ။

ပုံ(၁)


ပုံ(၂)



ပုံ(၃)




ပုံ(၄)




ပုံ(၅)




5. unlock လုပ်ပြီးသွားရင်တော့ root လုပ်တော့မှာပါ။ download ဆွဲထားတဲ့ PG76IMG.zipကို extract မလုပ်ပဲ ဖုန်းရဲ့ SD Card ထဲကို ကူးထည့်လိုက်ပါ။ပြီးရင်တော့ ဖုန်းကို power ပိတ်လိုက်ပါ။ သေချာအောင် battery ကို 10 စက္ကန့်လောက်ခနဖြုတ်လိုက်ပါ။

6. ဖုန်းကို battery ပြန်တပ်ပါ။ volume down+power ခလုတ်တွေ နှိပ်ပြီး ဖုန်းကို ပြန်ဖွင့်ပါ။ ဖုန်းက အလိုအလျောက် ခုနက ထည့်ထားတဲ့ PG76IMG.zip ကိုရှာပါလိမ့်မယ်။
 တွေ့ပြီဆိုရင် 
Do you want to update?
Volume Up-Yes
Volume Down-No
ဆိုပြီး ဖုန်းမှာလာပြပါလိမ့်မယ်။
Volume Up ကိုတစ်ချက်နှိပ်လိုက်ပါ။

အောက်က စာတွေဖုန်းမှာ လာပြပါလိမ့်မယ်။
Parsing - [SD Zip]
[1]Recovery-OK

Update Complete...
Press<power>to reboot

power ခလုတ်ကို တစ်ချက်နှိပ်လိုက်ပါ။ ဒါဆိုရင် ဖုန်းက restart ကျသွားပါလိမ့်မယ်။

7. နောက်ဆုံးအဆင့်ပဲ ကျန်ပါတော့တယ်။ ခုနက ဖုန်း SD card ထဲကို ကူးထည့်ထားတဲ့ PG76IMG.zip ကိုဖျက်ပစ်လိုက်ပါ။(အဲဒါအရေးကြီးတယ်နော်)။ပြီးရင် download ဆွဲထားတဲ့ wildfire s root by myanaungtharr.zip ကို ဖုန်း SD card ထဲကို ကူးထည့်ပါ။ ဖုန်းကို ပါဝါပိတ်လိုက်ပါ။

8. volume down+power နှိပ်ပြီး ဖုန်းကို ပြန်ဖွင့်ပါ။ အောက်က စာတွေပေါ်လာရင် volume down ခလုတ်ကိုသုံးပြီး RECOVERY နေရာရောက်အောင်ရွှေ့လိုက်ပါ။

FASTBOOT
RECOVERY                 <===================
CLEAR STORAGE
SIMLOCK

power ခလုတ်ကို သုံးပြီး RECOVERY ထဲဝင်ပါ။

install zip from sdcard>>choose zip from sdcard>>wildfire s root by myanaungtharr.zip ရောက်အောင်သွားပြီး yes,install this file ကို နှိပ်ပြီး install လုပ်လိုက်ပါ။
ပြီးရင် go back နဲ့ ပြန်သွားပြီး reboot system now ဆိုပြီး ပြန်ထွက်ပါ။ ဖုန်းက restart ကျပါလိမ့်မယ်။
ပြန်တက်လာရင်တော့ Superuser ပါတဲ့ root access ရပြီးသား wildfire s ဖုန်းလေးကိုပိုင်ဆိုင်ပြီပေါ့ဗျာ။

အားလုံးပဲအဆင်ပြေအောင်ကြိုးစားနိုင်ကြပါစေဗျာ။
ကျွန်တော်ပီတိတစ်ခုပဲရပါတယ်။
မြန်အောင်သားဖြိုးကြီး

2 comments:

Unknown said...

ကျေးဇူးတင်ပါတယ်အကို.....
နောက်လည်းဒီလိုRoot tool လေးတွေတင်ပေးပါ
ကျန်းမာထီပေါက်နိဗန်ရောက်ပါစေ.....

Unknown said...

ဟုတ် ကိုဖြိုး