menu

Thursday, January 24, 2013

Sony XPERIA acro S lt26w 6.1.A.2.55 Version 4.0.4 ကို Root လုပ်ခြင်း






ကျွန်တော် ဒီနေ့ Sony XPERIA acro S ကို bootloader unlock လုပ်ပြီး root လုပ်တာလေးတင်ပါ့မယ်။ အခုတင်တာက kernel 6.1.A.2.55 မို့ root လုပ်တဲ့ ပုံစံက အရင်ကလုပ်တာနဲ့ တူချင်မှ တူမှာပါ။ဘာပဲဖြစ်ဖြစ် ကျွန်တော့် ညီအစ်ကို သူငယ်ချင်းတွေအဆင်ပြေအောင်တင်ပေးလိုက်ပါတယ်။

အရင်ဆုံး bootloader ကို unlock လုပ်ရပါမယ်။ unlock code တောင်းတာ ၂ ရက် ၃ ရက်စောင့်စရာမလိုပါဘူး။ချက်ချင်းရပါတယ်။



1. ကဲ...bootloader unlock မလုပ်ခင် မိမိဖုန်းမှာ *#06# ကို ရိုက်ပါ။ IMEI Number ရပါမယ်။မှတ်ထားလိုက်ပါ။အားလုံးပေါင်း 15 လုံးရှိပါတယ်။

2. http://unlockbootloader.sonymobile.com/instructions
သို့ဝင်ပါ။ ပုံထဲက ပြထားတဲ့အတိုင်း အဆင့်ဆင့်လုပ်သွားပါ။ IMEI Number မှားနေတယ်လို့လာပြောရင် နောက်ဆုံးအလုံးကိုမထည့်ပါနဲ့။ အရှေ့ 14 လုံးပဲထည့်ပါ။
















ကဲ...ဒါဆိုရင် unlock code ရပြီနော်။ မိမိ မေးလ်ထဲမှာ unlock code ကို ကြည့်ပါ။ ၁၆ လုံးရှိပါတယ်။  bootloader unlock လုပ်ပါတော့မယ်။ unlock လုပ်မယ့် tool လေးကို ဒေါင်းလိုက်ပါ။

3. ဖုန်းကို fastboot mode ထဲသို့ဝင်ရပါမယ်။ဖုန်းကို ပါဝါပိတ်လိုက်ပါ။ Volume Up ကို ဖိထားပြီး ဖုန်းကို ကွန်ပျူတာမှာချိတ်လိုက်ပါ။ ဖုန်းရဲ့ ဘယ်ဘက်ထောင့်အပေါ်မှာ အပြာရောင်မီးလေး လင်းမှ fastboot  mode ထဲကို ရောက်မှာပါ။ sony ကပါလာတဲ့ USB Cable ကိုသာသုံးတာ အကောင်းဆုံးပါ။နို့မို့ ဆို ဖုန်းကို detect မသိတာတွေ ဖြစ်နိုင်ပါတယ်။

4. Unlock Tool ကို download ဆွဲပါ။


 ဒေါင်းလုပ် ဆွဲထားတဲ့ Unlock Tool ထဲက တရုတ်စာပါတဲ့ exe file ကို run လိုက်ပါ။
 key board မှ 1 ကိုနှိပ်ပြီး enter ခေါက်
ဒုတိယအကြိမ် 1 ကို ထပ်နှိပ်ပြီး enter ထပ်ခေါက်
တတိယအကြိမ် 2 ကိုနှိပ်ပြီး enter ခေါက်
ပြီးရင်တော့ ခုနက မေးလ်ထဲ ရောက်လာတဲ့ unlock code 16 လုံးကိုရိုက်ထည့်ပါ။ ပြီးရင်တော့ enter နှိပ်ပါ။
ဒါဆိုရင်တော့ bootloader unlock လုပ်ခြင်းပြီးပါပြီ။အောက်ကပုံလေးကိုကြည့်ပါ။


5. RootPhone by myanaungtharr.zip ကိုဒေါင်းလုပ်ဆွဲပါ။



6. ကဲ...ဖုန်းရဲ့ internal memory ထဲကို RootPhone by myanaungtharr.zip ကိုကူးထည့်ပါ။ ဖုန်းကို ပါဝါပိတ်ပြီး ပြန်ဖွင့်ပါ။ ဘယ်ဘက်ထောင့်အပေါ်က မီးအပြာရောင်လေးလင်းလာတဲ့အချိန်မှာ ဖုန်း screen ကို လက်နဲ့ နှစ်ချက်သုံးချက်လောက် touch လုပ်လိုက်ပါ။ ဒါဆိုရင် phone recovery mode ထဲကို ရောက်သွားပါပြီ။

7. install zip from sccard>choose zip from sdcard>RootPhone by myanaungtharr.zip>Yes-Install RootPhone by myanaungtharr.zip ကို install လုပ်ပါ။ ကဲပြီးရင် back ခလုတ်နဲ့ ပြန်ထွက်ပြီး reboot system now ကနေ ပြန်ထွက်လိုက်ပါ။
ပြန်တက်လာရင်တော့ superuser ပါတဲ့ root access ဖြစ်ပြီးသား ဖုန်းလေးပေါ့ဗျာ။


အားလုံးပဲအဆင်ပြေအောင်ကြိုးစားနိုင်ကြပါစေ။
ကျွန်တော်ပီတိတစ်ခုပဲရပါတယ်။
မြန်အောင်သားဖြိုးကြီး


3 comments:

Unknown said...

phone recovery mode မတက်ဘူးဖြစ်နေတယ် ကူညီပါအုံး Xperia S ပါ။ Build No 6.1.A.2.55 ပါ။

Unknown said...

unlock လဲလုပ်ပြီးပါပြီး restore လုပ်ဖို့ recovery mode ကိုဝင်လို မရတာပါ့။

Unknown said...

http://forum.xda-developers.com/showthread.php?t=1997030
အဲဒီလင့်မှာ Xperia S အတွက် CWM Recovery နဲ့ Firmware တွေရှိပါတယ်။ Recovery မတက်ရင် CWM ပြန်သွင်းကြည့်လိုက်ပါ။အဆင်ပြေပါစေ။